News

27-Sep-2017
ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံရာ နေရာတွင် တည်ဆောက်မည့် စက်သုံးဆီ ကုန်တင်ကုန်ချဆိပ်ကမ်းနှင့် ဆီသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၌ ဆီသိုလှောင်ကန်တစ်ခု စတင် တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ လီမိတက် (MESDP) ထံမှ သိရသည်။
27-Sep-2017
မန္တလေးမြို့တော်၏ သင်္ကေတတစ်ခုဖြစ်သော မန္တလေးတောင်တော်ပေါ်သို့ တက်ရောက်လေ့လာသည့် နိုင်ငံခြားသား ခရီးသည်များထံမှ ဝင်ကြေး တိုးမြှင့် ကောက်ခံနိုင်ရန်စီစဉ်နေကြောင်း တောင်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
27-Sep-2017
မန္တလေးတိုင်းအတွင်း အခွန်စည်း ကြပ်မှုပုံစံသစ်ဖြင့် ရွှေဆိုင်များထံမှ အခွန် ကောက်ခံလျက်ရှိရာ သုံးလအတွင်း ကျပ်သန်း လေးရာကျော် ကောက်ခံရရှိခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
26-Sep-2017
မန္တလေးတိုင်း အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မန္တလေး) သည် စက်တင်ဘာလ ၂၆ ရက်နေ့က ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ အပါအဝင် ဘာသာရေး ခေါင်းဆောင်များ၏ ဩဝါဒခံယူခဲ့သည်။
26-Sep-2017
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း တည်ဆောက်နေသော မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်းရှိ ဧက ၃၈၀ ရှိသည့် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။
26-Sep-2017
စစ်ကိုင်းမြို့ မင်းကွန်းဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) ထံမှ သိရသည်။
26-Sep-2017
မန္တလးတိုင်းဒေသကြီး မိုးကုတ်မြို့ တောင်ကချင်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်ခုတွင် ယနေ့ (စက်တင်ဘာ ၂၆ ရက်) မွန်းလွဲ ၁ နာရီခန့်က အုတ်တံတိုင်းဝန်းခတ်ရန်အတွက် တူးထားသည့် မြေကျင်းပြိုကျခဲ့ရာ လုပ်သားသုံးဦးမှာ တစ်နာရီနီးပါး ပိတ်မိခဲ့ကြောင်း ယင်းမြို့စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
26-Sep-2017
စစ်ကိုင်းမြို့ မင်းကွန်းဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) ထံမှ သိရသည်။
25-Sep-2017
ပြည်သူ့အကျိုးစီးပွားကို အခြေခံသည့်အနေနှင့် အခြေခံဥပဒေ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို တပ်မတော်ဘက်က လက်ခံဆောင်ရွက်ပေးရန် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်) က တိုက်တွန်းလိုက်သည်။
25-Sep-2017
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် ရေပေးဝေရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်သစ်နိုင်ငံ၏ ချေးငွေဖြင့် အဆင့်မြှင့်တင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ရေဖြန့်ဖြူးရေးဌာနခွဲ ဌာနမှူး ဦးခင်မောင်သင်းက ပြောကြားသည်။
25-Sep-2017
မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာ စက်မှုမြို့တော်စီမံကိန်းကို အကောင် အထည်ဖော်လျက်ရှိရာ တရုတ်ကုမ္ပဏီ တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၃၉၀ ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။
24-Sep-2017
အင်္ဂလန်နိုင်ငံ Grammar Production က ရိုက်ကူးထားသော မြန်မာဘုရင့်အနွယ်တော်များအကြောင်း မှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံတွင် ပြသနိုင်ရန် စီစဉ်နေကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။
24-Sep-2017
မန္တလေးတိုင်း အပါအဝင် မြန်မာပြည် အထက်ပိုင်းရှိ မြို့နယ်များတွင် ၂၀၁၇ ခုနှစ်၏ ရှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁၂၀ဝ ကျော် သေဆုံးခဲ့ကြောင်း အမှတ် ၃ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (မန္တလေး) ၏ စာရင်းများအရ သိရသည်။
23-Sep-2017
မန္တလေးမြို့တော် ကားဈေးကွက် စက်တင်ဘာလအတွင်း ကားဈေးကျနေသော်လည်း အရောင်းအဝယ်အေးနေကြောင်း မန္တလေးမြို့ခံ မော်တော်ယာဉ် အရောင်းအဝယ် အကျိုးဆောင်များထံမှ သိရသည်။
22-Sep-2017
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ငါးခုအတွင်း စည်ပင်သာယာရေးကော်မတီက ဖြန့်ဖြူးနေသော ရေမီတာ အသုံးပြုခများကို အောက်တိုဘာလဆန်းပိုင်းမှစ၍ လစဉ် ကောက်ခံမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ဌာနမှူး ဦးဝင်းမောင်က ပြောကြားသည်။