News

01-Oct-2017
ကျောက်ဆည်မြို့၌ နှစ်စဉ် ကျင်းပသော ဆင်ပွဲတော်တွင် ဘက်လိုက်မှုများ ရှိသည်ဟူသော သတင်းများကြောင့် အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ ဆင်ပွဲတော်ဖြစ်မြောက်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သူများထံမှ သိရသည်။
30-Sep-2017
အိမ်ရှေ့စံကနောင်မင်းသားကြီး စိုက်ပျိုးခဲ့ပြီး နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ ပုသိမ်ကြီးမြို့နယ်မှ အိမ်ရှေ့မင်းထန်းတောကို အမျိုးသားအဆင့် ကာကွယ်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနထံမှ သိရသည်။
30-Sep-2017
မန္တလေးမြို့ပေါ်၌ လက်လုပ်မိုင်း ပေါက်ကွဲမှု ရှိခဲ့သော်လည်း ဘုရားပွဲများ ကျင်းပခွင့်ပေးထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
29-Sep-2017
ပြည်တွင်းပြည်ပခရီးသွားများ အနေနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒေသထွက်ကုန်များ လွယ်လင့်တကူ ဝယ်ယူနိုင်မည့်ညဈေး ဖွင့်လှစ်ရန် မြေနေရာ ရှာဖွေနေကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာနထံမှ သိရသည်။
29-Sep-2017
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ရပ်ကွက်ဘုရားပွဲအတွင်း စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။
29-Sep-2017
မန္တလေးမြို့ အနောက်ဘက်ခြမ်းရှိ၊ သင်္ဂဇာချောင်းအတွင်း စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်အချိန်က ငါးများ ထောင်နှင့်ချီ၍ အစုလိုက်အပြုံလိုက် သေဆုံးမှုကြောင့် အဆိုပါ ချောင်းရေကို နမူနာယူ စစ်ဆေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
28-Sep-2017
အစိုးရကို ဆန့်ကျင်ကြောင်း သပိတ်စခန်း ဖွင့်သူများကို နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့သည့် မန္တလေးခရိုင် သာသနာရေးဦးစီးမှူးကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံးထံမှ သိရသည်။
27-Sep-2017
မန္တလေးမြို့တော်ရှိ လူစည်ကားရာ ဘုရားစေတီပုထိုးများတွင် သီတင်းကျွတ်ပွဲတော်ကာလအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားရန် စီစဉ်နေကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။
27-Sep-2017
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးမှ ခွဲထွက်၍ မြန်မာနိုင်ငံဆိုင်း ဂီတအသင်းအဖြစ် တရားဝင် ဖွဲ့စည်းနိုင်ရန် ဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအသင်း၏ကိစ္စများကို ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
27-Sep-2017
ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံရာ နေရာတွင် တည်ဆောက်မည့် စက်သုံးဆီ ကုန်တင်ကုန်ချဆိပ်ကမ်းနှင့် ဆီသိုလှောင်ကန် တည်ဆောက်ရေး စီမံကိန်း၌ ဆီသိုလှောင်ကန်တစ်ခု စတင် တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ လီမိတက် (MESDP) ထံမှ သိရသည်။
27-Sep-2017
မန္တလေးမြို့တော်၏ သင်္ကေတတစ်ခုဖြစ်သော မန္တလေးတောင်တော်ပေါ်သို့ တက်ရောက်လေ့လာသည့် နိုင်ငံခြားသား ခရီးသည်များထံမှ ဝင်ကြေး တိုးမြှင့် ကောက်ခံနိုင်ရန်စီစဉ်နေကြောင်း တောင်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။
27-Sep-2017
မန္တလေးတိုင်းအတွင်း အခွန်စည်း ကြပ်မှုပုံစံသစ်ဖြင့် ရွှေဆိုင်များထံမှ အခွန် ကောက်ခံလျက်ရှိရာ သုံးလအတွင်း ကျပ်သန်း လေးရာကျော် ကောက်ခံရရှိခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
26-Sep-2017
မန္တလေးတိုင်း အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မန္တလေး) သည် စက်တင်ဘာလ ၂၆ ရက်နေ့က ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ အပါအဝင် ဘာသာရေး ခေါင်းဆောင်များ၏ ဩဝါဒခံယူခဲ့သည်။
26-Sep-2017
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း တည်ဆောက်နေသော မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်းရှိ ဧက ၃၈၀ ရှိသည့် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။