News

29-Mar-2019
ငြိမ်းစုစီပုဒ်မဖြင့် အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရတနာပုံတက္ကသိုလ် ဗကသမှ ကျောင်းသားလေးဦး သီချင်းသီဆိုသည်ကို တားမြစ်ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်း နှစ်ဆယ်ကျော်ခန့်က ဝိုင်းဝန်းရိုက်နှက်သည့်အတွက် ဒဏ်ရာများရရှိခဲ့သဖြင့် ရိုက်နှက်ခဲ့သူများကို ဥပဒေနှင့်အညီအရေးယူပေးရန် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း ကျောင်းသားများက ပြောကြားသည်။
27-Mar-2019
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းဇွန်မြို့နယ်၊ မိတ္တီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်မရှိသည့် အဆောက်အအုံများစာရင်းကို ကောက်ယူနေကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ထံမှ သိရသည်။
26-Mar-2019
မန္တလေးမြို့ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားတွင် ဒုတိယအကြိမ်မြောက် သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။
26-Mar-2019
ငြိမ်းစုစီပုဒ်မဖြင့် အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရတနာပုံ တက္ကသိုလ် ဗကသကျောင်းသားလေးဦး သီချင်းသီဆိုခြင်းကို တားမြစ်ရာမှ ရုန်းရင်း ဆန်ခတ်ဖြစ်ပြီး အကျဉ်းထောင်ဝန်ထမ်းနှစ်ဆယ်ကျော်ခန့်က ဝိုင်းဝန်းရိုက်နှက်သည့်အတွက် ကျောင်းသားများ ဒဏ်ရာများ ရရှိထားကြောင်း ထောင်ဝင်စာသွားတွေ့သည့် ဆွေမျိုးများနှင့် ကျောင်းသားကျောင်းသူများက ပြောကြားသည်။
25-Mar-2019
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဆရာတော် ဦးဝီရသူက တရားရုံးသို့မလာနိုင်၍ ကျောင်းတိုက်တစ်ခုခုတွင် ကော်မရှင်နာဖြင့်စစ်ဆေးပေးရန်လျှောက်ထားမှုကို ပယ်ချခံရပြီးနောက် ခရိုင်တရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးပေးရန် ထပ်မံလျှောက်ထားခဲ့ကြောင်း မတ်လ ၂၅ ရက်နေ့က ချိန်းဆိုစစ်ဆေးခဲ့သည့်ရုံးချိန်းအရ သိရသည်။
25-Mar-2019
ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ကိုင်နေသော မန္တလေးမြို့ဝင်ကြေးကောက်ခံသည့် ဂိတ် ၄ ဂိတ်ကို ဧပြီ ၁ ရက်နေ့မှစတင်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောင်းလဲလုပ်ကိုင်မည်ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
24-Mar-2019
နွေဦးရာသီအစ မတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ်ခြောက်ခု၌ မီးလောင်ကျွမ်းမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်မှုအဆင့် ၃ ရှိသည့်မီးလောင်မှုနှစ်ခုလည်း ပါဝင်ခဲ့သည်။
24-Mar-2019
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျုံးအရှေ့ဘက်ရှိ ပလက်ဖောင်းများတွင် အများပြည်သူနားနေနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေရာ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်များပြီးဆုံးပြီးလျှင် နားနေနိုင်မည်ဖြစ်ကြောင်း ယင်းမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
23-Mar-2019
မန္တလေးတိုင်း မိတ္ထီလာမြို့ ခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသော အချုပ်သား တစ်ဦးကို မတ်လ ၂၁ ရက် နေ့လည် ၂ နာရီခွဲခန့်က ရုံးထုတ်ပြီးထွက်လာစဉ် ထွက်ပြေးခဲ့ပြီး ၎င်းကို လာရောက်စောင့်ဆိုင်းနေသူတို့ကို ရဲတပ်ဖွဲ့နှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေများထံမှ သိရသည်။
23-Mar-2019
မြင်စိုင်းမြို့ဟောင်းအနီး စိတ္တဂုတ္တလိုဏ်ဂူအနီးမှ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို နေရာပြောင်းရွှေ့ ထုတ်လုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရှေး/သု)ထံမှ သိရသည်။
21-Mar-2019
ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ရေကစားမဏ္ဍပ်ကြီးများအတွက် အိတ်ဖွင့်လေလံတင် ရောင်းချရရှိငွေပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ကျပ်သိန်း ၅၀၀ ကျော် လျော့နည်းကြောင်း
20-Mar-2019
မန္တလေးတိုင်း တောင်သာမြို့ မြို့တော်ခမ်းမရှေ့တွင် မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲသို့ လူဦးရေ ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။
20-Mar-2019
ရွှေရောင်သင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ပြန်လည်ကပ်လှူနေသည့် စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော် စေတီတော်အနေကဇာတင်ခြင်းနှင့် သီတဂူဆရာတော်ကြီး ၈၂ နှစ်ပြည့်မွေးနေ့အလှူအဖြစ် သံဃာတော်အပါးတစ်ထောင်ကို ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသည့် အခမ်းအနားကို မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
19-Mar-2019
ကမ္ဘာ့အကြီးဆုံး သစ်ထွင်းစည်တော်ကြီး စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ကြီးသို့ မတ်လ ၁၉ ရက်နေ့က ရောက်ရှိလာခဲ့သည်။
19-Mar-2019
မန္တလေး-ပြင်ဦးလွင်-နောင်ချို မော်တော်ကားလမ်းပိုင်းမှ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းဖွင့်ပွဲကို မတ်လ ၁၉ ရက်နေ့က မိုင်တိုင် ၁၉/၀ တွင် ဖွင့်လှစ်ခဲ့သည်။