News

31-Aug-2016 tagged as ပုဂံ
ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းစေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင် ထိန်းသိမ်းရန်အတွက် ခြောက်ရက်တာ ကာလအတွင်း လှူဒါန်းငွေ ကျပ် သိန်းပေါင်း တစ်သောင်း ခြောက်ထောင်ကျော် ရရှိထားပြီး
31-Aug-2016 tagged as မန္တလေး
“တိုင်တစ်တိုင်မှာ မီးနှစ်ခု ဘယ်၊ ညာ ပါမယ်။ အပေါ်က ဆိုလာပါမယ်။ နောက် အင်တာနက်ဝိုင်ဖိုင်ပါမယ်။ Amarican Brand ကုမ္ပဏီတစ်ခုက လာပြီးတင်ပြတာပါ။ အကုန်လုံး သူတို့ပဲ အကုန်အကျခံပြီးလုပ်မှာ။ အထူးသဖြင့် ကမ်းနားလမ်းနဲ့ ကန်တော်ကြီးလို နေရာမျိုးတွေမှာ မှုခင်းတွေ အဖြစ်များတယ်လို့ သိရတယ်။ အဲဒီနေရာတွေမှာ တပ်ဆင်သွားမယ်။ ဘယ်နေရာတွေ တပ်မယ်ဆိုတာကတော့ ကုမ္ပဏီဘက်က ဆာဗေးလုပ်ရမယ်”
31-Aug-2016 tagged as မန္တလေး
"အရပ်သား အစိုးရသစ်အနေနဲ့ကတော့ အထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ ကောင်းပါတယ်။ မကောင်းတာကတော့ ကျွန်တော်တို့ မြို့နယ်အောက်ခြေ အဖွဲ့အစည်းတွေ။ ဘာလို့လဲဆိုတော့ လူထုက မှောင်ခိုလုပ်ကိုင်မှုတွေကို တိုင်ရင် အချိန်ဆွဲပြီးနေတာနဲ့ လွတ်သွားတာက များတယ်။ လုပ်ငန်းရှင် ခရိုနီနဲ့ ကုမ္ပဏီတွေက တိုင်လိုက်ရင်တော့ ပြည်သူတွေကို ချက်ချင်းအရေးယူ ဆောင်ရွက်နေတာ။ အခုလည်း လုပ်ကွက်ဆိုင်းဘုတ်မရှိ ဘာလုပ်ကိုင်မယ်ဆိုတာ မသိတဲ့ စက်ရုံကို ဆောက်နေ တယ်"
29-Aug-2016 tagged as ဆေးတက္ကသိုလ်
ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ဘွဲ့လွန်တန်း ကျောင်းသား (ဆရာဝန်များ)အတွက် လှူဒါန်းထားသည့် သက်မဲ့ ခန္ဓာကိုယ်များကို သက်ရှိ ခန္ဓာကိုယ်များအတိုင်း ထိန်းသိမ်းနိုင်ပြီး ပိုမို ကောင်းမွန်စွာ လေ့လာနိုင်မည့် နည်းပညာကို မြန်မာတစ်နိုင်ငံလုံး အနေနှင့် မန္တလေး ဆေးတက္ကသိုလ်တွင် ပထမဆုံး စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း
26-Aug-2016 tagged as မန္တလေး
"ဆီဆိုင်ဆိုတာက မီးဘေးအန္တရာယ် အရမ်းများတဲ့ လုပ်ငန်းတစ်ခု။ ဆီဆိုင်ဘေးမှာ ရှိနေတာက သစ်စက်ရုံတွေ။ ဒါတွေက လောင်စာတွေ ဖြစ်သွားနိုင်တယ်၊ စက်ရုံ အလုပ်သမားတွေက အတွင်းထဲမှာ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် အပြင်မှာ တစ်ခုခုဖြစ်ရင် ပြေးစရာမရှိဘူး။ ဆီဆိုင် စလုပ်တဲ့အချိန်ကတည်းက ကန့်ကွက်လာတာ။ စာတွေ အထပ်ထပ်တင်ပြီး ကန့်ကွက်နေတာ ရပ်မသွားလို့ ဆန္ဒဖော်ထုတ်ပြီး ကန့်ကွက်နေတာ"
25-Aug-2016 tagged as
ဓားထောက် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသော မန္တလေးခရိုင်အတွင်း လုယက်မှုများ လျော့နည်း ကျဆင်းရေးအတွက် သြဂုတ်လ ၂၄ ရက်နေ့ ညကစ၍ ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ကာ ညပိုင်းတွင်လှည့်ကင်းများဖြင့် ဆောင် ရွက်နေကြောင်း
25-Aug-2016 tagged as
မြန်မာဘရူဝါရီလီမိတက်၏ ကရုဏာရှေးရှု မြန်မာမှု အစီအစဉ်နှင့် Japan Heart Organization တို့ ပူးပေါင်းကာ စစ်ကိုင်းတောင်ရိုးရှိ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ၌ နှုတ်ခမ်းကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေးမည်
24-Aug-2016 tagged as ပုဂံ
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ တစုတစည်းတည်း တွေ့နိုင်သည့် ပုဂံယဉ်ကျေးမှု ဒေသကို ကယ်တင်ရန် ပြုလုပ်ခဲ့သည့် Save The Bagan အစီအစဉ်အရ ကောက်ခံ ရရှိခဲ့သည့် လက်မှတ် ၈ဝဝဝ ကျော်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ သြဂုတ်လ ၂၄ ရက်နေ့က ပေးအပ်
24-Aug-2016 tagged as မန္တလေး စည်ပင်
"ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိရမယ်။ ပြီးတော့ သဘာဝဘေးနဲ့ မီးဘေးအန္တရာယ် ကာကွယ်နိုင်အောင် အမြင့် ၁၂ ထပ် ထက်ပိုပြီး ခွင့်မပြုပါဘူး။ ဒါကြောင့် စည်းကမ်းမလိုက်နာတဲ့ အဆောက်အအုံ ၁၀ လုံးကို ဖြိုဖျက်လိုက်တာ"
23-Aug-2016 tagged as မန္တလေး
မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီး ရမိခဲ့သည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို လေလံတင် ရောင်းချမည့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း
"မူးယစ်ဆေးဝါးတွေ ပိုများလာတာလည်း ပါမှာပေါ့လေ။ ကျွန်တော့် အထင်တော့ မူးယစ်ဆေးဝါးတွေက အရင်ကတည်းက ရှိနေခဲ့တာ ဖြစ်လိမ့် မယ်၊ ရှိနေခဲ့တာတွေကို မဖမ်းမိလို့၊ တည့်တည့်ပြောရရင် မဖမ်းလို့ ဒီလောက် များများ မမိခဲ့တာပေါ့လေ။ အရင်ကတည်းကသာ ဖမ်းခဲ့ ဆီးခဲ့မယ်ဆိုရင် ဒီလောက်များ လာစရာမရှိဘူး၊ အစိုးရသစ် တက်လာတဲ့ အချိန်မှာ ပြောင်းလဲမှုတွေလုပ်တော့ ရဲတပ်ဖွဲ့အနေနဲ့ တကယ်ဖမ်းတယ်ဆိုတာ ပြလိုက်တာလို့ ကျွန်တော်ထင်တယ်"
22-Aug-2016 tagged as ဘာသာပေါင်စုံ
မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ရိုလန်ကိုဘီယာသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို လာရောက် တွေ့ဆုံရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကို မေးမြန်း
မီးဘေးသင့်ခဲ့သည့် မန္တလေးမြို့တော်ရှိ မင်္ဂလာ (ယာယီ) ဈေးသစ်ကို စတင် တည်ဆောက်ချိန်မှ နှစ်လအတွင်း ပြီးစီး ဖွင့်လှစ်ရန် သတ်မှတ် ထားသော်လည်း လာမည့် သြဂုတ် လကုန်ပိုင်းမှသာ မဲနှိုက် ဖွင့်လှစ်နိုင်မည်
21-Aug-2016 tagged as မန္တလေး
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အထပ်မြင့်၊ အထပ်နိမ့် အဆောက်အအုံ ဆောက်လုပ်ရာတွင် မြေတူး လုပ်ငန်းများကို Pile လုပ်ငန်းဖြင့် တွင်ကျယ်စွာ ဆောင်ရွက်လျက် ရှိကြရာ ယခင်က လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် သတ်မှတ်ခြင်း၊ အခွန် ပေးသွင်းစေခြင်းများ မရှိသော်လည်း သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ယင်းအတွက် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။