News

04-Apr-2017 tagged as မန္တလေး
မန္တလေးမြို့တော်ရှိ အထင်ကရ ဦးပိန်တံတားတွင် ယနေ့ (ဧပြီလ ၄ ရက်) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လာရောက် လည်ပတ်သည့် အမျိုးသားတစ်ဦး တံတားပေါ်မှပြုတ်ကျကာ ရေနစ် သေဆုံးခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်ခွင့်အတွက် ရရှိခဲ့သည့် လေလံငွေများကို မန္တလေးမြို့တော် လုံခြုံရေးအတွက် လုံခြုံရေး ကင်မရာများ တပ်ဆင်သည့်နေရာတွင် အသုံးပြုမည်
မန္တလေးမြို့တော်သင်္ကြန် သံချပ်ပြိုင်ပွဲကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သံချပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။
04-Apr-2017 tagged as ချင်းပြည်နယ်
၂၀၁၅ ခုနှစ် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ခဲ့ရာ တွန်းဇံ၊ မတူပီ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်တို့မှ အိမ်ထောင်စု ၅၇၀ ခန့် ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရကြောင်း၊ ၎င်းတို့ကို ဖလမ်းမြို့နယ်၊ ဝေဘူလ ကျေးရွာအုပ်စု၊ ဘွာလ်ဘီးလ် ကွင်းအမှတ် ၁၄၄ ဆီးယင်းကြိုးပြင် ကာကွယ်ရေး သစ်တောမြေအတွင်းရှိ ဧက ၁၀ဝ ခန့်တွင် နေရာချထားပေးခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သစ်တောဝန်ကြီး ဦးမာန်ဟင်ဒါက ၂၀၁၆ ခုနှစ် မေလတွင် ရွာမြေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း
03-Apr-2017 tagged as မန္တလေး
မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများနှင့် နေရာများကို ဧပြီလကုန်ပိုင်းကစ၍ အဆင့် ခွဲခြား သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
03-Apr-2017 tagged as မန္တလေး
မန္တလေးမြို့တော်၌ ရိုက်နှက်လုယက်မှု၊ ဓားထိုး/ဓားခုတ်မှုများ နေ့စဉ်ဖြစ်နေသည့်အတွက် လှည့်ကင်း တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သေနတ်များ ထုတ်ပေးထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
02-Apr-2017 tagged as အိမ်ဖော်
အမရပူရမြို့နယ် အတွင်းရှိ စက်ချုပ်ဆိုင်တစ်ခုတွင် အိမ်အကူ လုပ်ကိုင်နေသည့် ပအိုဝ်း အမျိုးသမီးငယ်ကို ရိုက်နှက်ခဲ့သည်ဟု တရားစွဲဆိုခံရသော အိမ်ရှင် လင်မယားကို မဖွယ်မရာပြုမှု ရာဇသတ်ကြီးပုဒ်မ ၃၅၄ ဖြင့် မတ်လ ၃၀ ရက်နေ့က ထပ်မံ တရားစွဲထားကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများ ထပ်မံ မထိခိုက်စေရေးအတွက် မြေကြောဖြတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ယနေ့ (မတ်လ ၃၁) မွန်းလွဲ တစ်နာရီတွင် ကျင်းပရန် ခေါ်ယူထားသော်လည်း အစည်းအဝေး မကျင်းပဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
31-Mar-2017 tagged as မန္တလေး
မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းက ပြည်တွင်းအခြေစိုက် Green Treasure Bumboo ကုမ္ပဏီနှင့် ပူးပေါင်းကာ မန္တလေးမြို့၌ ဝါးမီးသွေးဆပ်ပြာ စမ်းသပ်ထုတ်လုပ်နေကြောင်း ယင်းအသင်းထံမှ သိရသည်။
31-Mar-2017 tagged as မန္တလေး
မန္တလေးတိုင်းအတွင်း လုယက်မှုများ မြင့်တက်လာခြင်းသည် အလုပ်လက်မဲ့ ပြဿနာကြောင့် အဓိကဖြစ်ရကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။
30-Mar-2017 tagged as
ဗမာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ကရင်တိုင်းရင်းသား ဗိုလ်ချုပ်စမစ်ဒွန်း အောက်မေ့ဖွယ် အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရှိ ဗိုလ်ချုပ်စမစ်ဒွန်း နေထိုင်ခဲ့သည့်အိမ်၌ မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကွန်တိန်နာယာဉ်များ ဖြတ်သန်း သွားလာခွင့်အတွက် မြို့တော်စည်ပင် အခွန်ဌာနတွင် ဖြတ်သန်းသွားလာခွင့် လစဉ် လျှောက်ထားရမည်ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။
27-Mar-2017 tagged as မန္တလေး
မန္တလေးမြို့တော်၏ အထင်ကရ အဆင့်မြင့် ဈေးချိုတော်အတွင်း ယခုနှစ် သင်္ကြန်ရာသီ၌ ကုန်စည်စီးဆင်းမှု ယမန်နှစ်အောက် သုံးပုံတစ်ပုံခန့် လျော့ကျနေကြောင်း အဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမင်းမင်းက ပြောကြားသည်။
26-Mar-2017 tagged as
ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်ဂိတ်တွင် မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက တအာင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ ဗုံးပစ် လောင်ချာ တပ်ဆင်ထားသည့် M-22 ရိုင်ဖယ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် အုန်းချောနယ်မြေ ရဲစခန်းထံမှ သိရသည်။