News

13-Apr-2017 tagged as မန္တလေး
နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ပေးသည့် အထူးလျှော့ရက်ခံစားခွင့်ရ အကျဉ်းသားများအနက် အိုးဘိုအကျဉ်း ထောင်မှ အကျဉ်းသား ဆယ်ဦးကို အမှုတွဲ လက်ကျန်များကြောင့် ပြန်လည် ချုပ်နှောင်ထားကြောင်း အကျဉ်းဦးစီး ဌာနထံမှ သိရသည်။
11-Apr-2017 tagged as
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပညာရေးနှင့် သုတေသန အဖွဲ့များတွင် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူများ အနေဖြင့် ပြင်သစ်နိုင်ငံ၊ ကုလသမဂ္ဂ တက္ကသိုလ်ပါမောက္ခချုပ် ရာထူးနေရာအတွက် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားကာ ယင်းတက္ကသိုလ်ဝက်ဆိုက်သို့ အမည်စာရင်း တိုက်ရိုက်တင်သွင်း လျှောက်ထားနိုင်ကြောင်း
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ခြံဝန်းတစ်ခုအတွင်း ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၁၁ နာရီက သံချောင်းများကို ကျောက်တိုက်စက်ဖြင့် ပွတ်တိုက်ရာမှ မီးပွားများ လွင့်စင်ကာ မီးလောင်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
09-Apr-2017 tagged as မန္တလေး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ရွှေလောင်းညွှန့်ရပ်ကွက်၊ ဇာတိမာန်လူငယ် စာဖတ်အသင်းက ဖွင့်လှစ်သော နွေရာသီ အခမဲ့ သင်တန်းဆင်းပွဲကို ဧပြီလ ၈ ရက်က ပြုလုပ်ပြီး သင်တန်းသား ၂၀၇ ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ချီး မြှင့်ခဲ့ကြောင်း ယင်းအသင်း တာဝန်ရှိသူ စာရေးဆရာ နောင်ရူပက ပြောကြားသည်။
09-Apr-2017 tagged as မန္တလေး
မန္တလေးမြို့မှ တရုတ်နယ်စပ်သို့ ကုန်များတင်ပို့သည့် ကားများ ပြေးဆွဲခြင်း မရှိသော်လည်း ပဲဝယ်လိုအား ကျဆင်းခြင်း မရှိကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ စုံစမ်းသိရသည်။
08-Apr-2017 tagged as
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆိုင်ခန်းခွန် ငါးဆတိုးမြှင့်ကောက်ခံမှုကြောင့် ဈေးသူဈေးသား ငါးရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ပြုလုပ်သော ဈေးသူဈေးသားများထံမှ သိရသည်။
08-Apr-2017 tagged as
သင်္ကြန်ကာလတွင် မန္တလေး ၇ မိုင်ကမ်းခြေကို အရက်ဘီယာ ကင်းမဲ့ဇုန်ကမ်းခြေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၇ မိုင် ကမ်းခြေ အပန်းဖြေစခန်းထံမှ စုံစမ်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသူများ ဘာသာရေးနှင့် ပတ်သက်သည့်လုပ်ငန်းများကို လက်ရှိ ဘဏ္ဍာနှစ်သစ်မှစ၍ လစဉ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနထံမှ သိရသည်။
06-Apr-2017 tagged as မန္တလေး
စဥ့်ကိုင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မန္တလေးတိုင်းအတွင်း သက်ငယ်မုဒိမ်းမှုများ လျော့နည်း ပပျောက်ရေးအတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်ကာ အခြေခံပညာသင်ကျောင်းများတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောကြားသည်။
05-Apr-2017 tagged as ပုဂံ
ထူးကုမ္ပဏီအုပ်စုပိုင် နန်းမြင့်မျှော်စင်ပေါ်မှ ပုဂံဒေသ နေထွက်ချိန်၊ နေဝင်ချိန်ရှုခင်းများကို အခမဲ့ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူကို ပုတ်ခတ် ရေးသားသည်ဟုဆိုကာ အမှုဖွင့်ခြင်း ခံထားရသည့် Myanmar Now သတင်းအေဂျင်စီမှ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲပေးရန် မဘသ အဖွဲ့က သာသနာရေး ဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။
04-Apr-2017 tagged as မန္တလေး
မန္တလေးမြို့တော်ရှိ အထင်ကရ ဦးပိန်တံတားတွင် ယနေ့ (ဧပြီလ ၄ ရက်) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လာရောက် လည်ပတ်သည့် အမျိုးသားတစ်ဦး တံတားပေါ်မှပြုတ်ကျကာ ရေနစ် သေဆုံးခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
သင်္ကြန်ရေကစားမဏ္ဍပ် တည်ဆောက်ခွင့်အတွက် ရရှိခဲ့သည့် လေလံငွေများကို မန္တလေးမြို့တော် လုံခြုံရေးအတွက် လုံခြုံရေး ကင်မရာများ တပ်ဆင်သည့်နေရာတွင် အသုံးပြုမည်
မန္တလေးမြို့တော်သင်္ကြန် သံချပ်ပြိုင်ပွဲကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သံချပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။