News

31-Dec-2018
မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်) က ဦးဆောင်ကာ ဇန်နဝါရီလ ၃ ရက်တွင် လွတ်လပ်ရေးနေ့အကြို စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးတာဝန်ခံ ကိုမင်းထက်မြက်က ပြောကြားသည်။
31-Dec-2018
နှစ်သစ်ကူးညတွင် မန္တလေးမြို့၌ အများပြည်သူလုံခြုံရေးနှင့် မူးယစ်ရမ်းကားမှုများကို တားဆီးနိုင်ရန်နှင့် မတော်တဆမှုများ ကူညီနိုင်ရန် ရဲတပ်ရင်းများဖြင့် အင်အားဖြည့်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
30-Dec-2018
မန္တလေးမြို့တော်ဝန်က မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်တစ်ဦးနှင့် စည်ပင်ဝန်ထမ်း ၅ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆ ဦးကို မြို့တော်ဝန်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
30-Dec-2018
မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်အတွင်းနှင့် တက္ကသိုလ်ဝန်းကျင်လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကျောင်းတွင်းလှုပ်ရှားခဲ့သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) မှ ကျောင်းသား ၃ ဦးကို ဖမ်းဆီးပြီး ဒီဇင်ဘာလ ၂၉ ရက်က တရားရုံးချုပ်ခွင့်(ရမန်)ယူကာ အိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။
28-Dec-2018
မန္တလေးမြို့က ဟိုတယ်တစ်ခုအတွင်း မူးယစ်ဆေးပြား ၁၆၀၀ ကျော် လက်ဝယ်တွေ့ရှိမှုဖြင့် ခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည့် တေးသံရှင် ရသ အပါအဝင် သုံးဦးကို ဒီဇင်​ဘာလ ၂၈ ရက်​​နေ့ မွန်းလွဲပိုင်းတွင်​ မန္တ​လေး ခရိုင်​တရားရုံးက အလုပ်​နှင့်​ ​ထောင်​ဒဏ်​ ၁၁ နှစ်​ ချမှတ်​လိုက်​​ကြောင်း ယင်းတရားခွင်​အရ သိရသည်​။
28-Dec-2018
မကွေးတိုင်း ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်၏ အနောက်ဘက် ၁ မိုင် ၄ ဖာလုံအကွာရှိ လယ်စောင့်တဲ (နေအိမ်တဲ) မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း သုံးဦး နှင့်အတူ ဘိန်းစိမ်းအလေးချိန် ၁၂၀ ဂရမ် ဖမ်းဆီးမိသည်ဟု ငဖဲမြို့မရဲစခန်းမှ သိရှိရသည်။
27-Dec-2018
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးအမှုကို ဒီဇင်ဘာလ ၂၇ ရက်တွင် မန္တလေး တိုင်းတရားလွှတ်တော်၌ တတိယအကြိမ် စစ်ဆေးခဲ့သည်။
27-Dec-2018
မန္တလေး မြို့တော်သန့်ရှင်းရေး သာယာလှပရေးအတွက် ကောက်ခံသည့် သန့်ရှင်းရေးအခွန်ကို အမှိုက်သိမ်းဆည်းခအဖြစ် ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
27-Dec-2018
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းအနီး ဒီဇင်ဘာလ ၂၅ ရက်ညပိုင်းက နောက်ဆုံးနှစ် ကျောင်းသားတစ်ဦး လုယက်ခံခဲ့ရသည့်အပြင် ဓားနှင့်ထိုးခံရ၍ သေဆုံးခဲ့ရကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Dec-2018
ဇီးပင်ကြီးစစ်တမ်းဖြင့် လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့သော ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၌ ဒီဇင်ဘာလ ၂၆ ရက်က ကျင်းပပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ကြောင်း အဆိုပါတက္ကသိုလ်ထံမှ သိရသည်။
27-Dec-2018
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကောက်ယူခဲ့သည့် တိရစ္ဆာန်သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
26-Dec-2018
မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့နယ်ရှိ မြင်စိုင်းမြို့ဟောင်းကို 3D မြေပုံထုတ်နိုင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းထံမှ သိရသည်။
25-Dec-2018
ချမ်းမြသာစည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး မြေနေရာဝယ် ယူရေး ရန်ပုံငွေ IC Show ပွဲကို ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညတွင် မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ရုံးဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
25-Dec-2018
အင်းဝမြို့ဟောင်း အပြင်ဘက် မြို့ရိုး ရေဝင်ပေါက် သုံးနေရာကို ပြန်လည် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ပင်းယ၊ အင်းဝဌာနစုထံမှ သိရသည်။
23-Dec-2018
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း မန္တလေး- မိုးကုတ်ကားလမ်းတစ်လျှောက် လမ်းဘေးနေရာများတွင် အဆာက်အအုံ ဆောက်လုပ်ကာ နေထိုင်သူများ၊ ဈေးရောင်းချနေသူများသည် လမ်းဧရိယာအတွင်းအထိ ကျူးကျော်နေထိုင်သဖြင့် ဖယ်ရှားပေးရန် ညွှန်ကြားသော်လည်း မလိုက်နာ၍ လူ ၁၃၅ ဦးကို လမ်း/တံတားများဥပဒေဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။