News

07-Jun-2020
မန္တလေးတိုင်း ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦး (ယခု မန္တလေးတိုင်း ညွှန်ကြားရေးမှူးရုံး)နှင့် ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေး (ယခု မန္တလေးတိုင်း ညွှန်ကြားရေးမှူးရုံး)တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။
07-Jun-2020
မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်တစ်ဦးသည် မြနန္ဒာဈေးအတွင်း ဈေးသွားဝယ်စဉ် ဇွန်လ ၆ ရက်နေ့က ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံခဲ့ရသည်။
05-Jun-2020
ကိုဗစ်ကြောင့် မန္တလေးတိုင်းအတွင်းသို့ နိုင်ငံရပ်ခြားမှ ပြန်လာသူများရှိနေရာ ဇွန်လ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်တာကာလအတွင်း ၂၅၀ ဦးခန့်တိုးလာကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့၏ စာရင်းများအရသိရသည်။
05-Jun-2020
မန္တလေးမြို့တော်တွင်ဖွင့်လှစ်ထားသည့်ရွှေဆိုင်များအနက် ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန၏စည်းကမ်း သတ်မှတ်ချက်နှင့် တိုင်း​အစိုးရ၏ လမ်းညွှန်မှုများကိုလိုက်နာရန် အားနည်းသည့် ရွှေဆိုင်အချို့ကို သတိပေးမှုများ ပြုလုပ်ခဲ့ရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
04-Jun-2020
ပုဂံဒေသရှေးဟောင်းအမွေအနှစ် များတည်ရှိရာဇုန် (MZ) အတွင်း ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးခတ်နေမှုများကို ရှင်းလင်းနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှသိရသည်။
04-Jun-2020
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်တန်ဖိုးရှိ မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်အချို့ထံမှ သိရသည်။
02-Jun-2020
မန္တလေးတိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြည်ထောင်စုလွှတ်တော်၌ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအသစ်နှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်၌ လုပ်ဆောင်ခဲ့သည်။
31-May-2020
Covid-19 ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် စစ်ကိုင်းမြို့ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးသို့ ဘုရားဖူးမ်ား ဝင်ရောက်ခွင့်ကို ဇြန္လ ၁ ရက်နေ့(ယနေ့) မွစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
31-May-2020
မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျောင်းတိုက်များတွင် လူပုဂ္ဂိုလ်များ အခြေချမနေထိုင်စေရန် ရှင်းလင်းမှုများ ပြုလုပ်ထားသော်လည်း ကျောင်းတိုက်အချို့တွင် လူနေထိုင်မှုများ ရှိနေသေးကြောင်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်) ထံမှ သိရသည်။
31-May-2020
ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် ၁၉) ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိတ်ပင်ထားသည့် ခရီးသွားလာရေးလုပ်ငန်းများကို ဇွန်လဆန်းပိုင်းမှစတင်၍ ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
30-May-2020
စစ်ကိုင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်လူနာအမှတ် ၁၄၅ တွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့သဖြင့် ဆေးရုံဆင်းခွင့်ရခဲ့ပြီး မေလ ၂၉ ရက်နေ့မှစတင်ကာ ဟိုတယ်ကွာရာတင်း ဆက်လက်ထားရှိကြောင်း စစ်ကိုင်းမြို့ ခုတင် ၂၀ဝ ပြည်သူ့ဆေးရုံထံမှ သိရသည်။
29-May-2020
ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်အချို့ ပြန်လည်ဖွင့်လှစ်ခွင့်ပေးနိုင်ရန် မေလ ၂၉ (ယနေ့) မှစ၍ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
29-May-2020
မဟာအောင်မြေကျောက်ဝိုင်းကို ဇွန်လဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခွင့်ရရန် စီစဉ်နေပြီး မေလ ၂၉ ရက်နေ့ကစ၍ ဝင်ခွင့်ကတ်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီထံမှ သိရသည်။
28-May-2020
ယခုခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် အတိုးနှုန်းလျှော့ချထုတ်ချေးပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
27-May-2020
မန္တလေးမြို့ပေါ်ရှိ မီးပွိုင့်များတွင် ကလေးငယ်များအား တောင်းရမ်းရန် စေခိုင်းခဲ့သည့် အမျိုးသားနှစ်ဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံ မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့သည်။