News

12-Oct-2018
မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေများလာသည့်အတွက် ရေပိုလွှဲတံခါးများမှတစ်ဆင့် အောက်တိုဘာလ ၁၁ ရက်နေ့က လျှော့ချခဲ့ကြောင်း ယင်းရေလှောင်တမံ ဦးစီးအရာရှိ ဦးကျော်ဇောက ပြောကြားသည်။
11-Oct-2018
အိုးဘိုအကျဉ်းထောင်သို့ လာရောက်စစ်ဆေးသည့် ရဲအရာရှိနှစ်ဦးက ရိုက်နှက်မှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားရုံး မထီမဲ့မြင်ပြုမှုများဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရှေ့နေဦးဇော်ဝင်းက ပြောကြားသည်။
10-Oct-2018
အမရပူရမြို့နယ် တောင်သမန်အင်းတွင် တည်ဆောက်ထားသော ကမ္ဘာကျော် ဦးပိန်တံတား ရှေးမူမပျက် ရေရှည်တည်တံ့နိုင်ရေးအတွက် ဂျာမနီနှင့်ပူးပေါင်း၍ သုံးလအတွင်း စပြင်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
10-Oct-2018
ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း (Health-Care Mobile Team) မှ ဆရာဝန်ကြီးများက မိတ္ထီလာမြို့ရှိ Grand Cosmos Hotel နှင့် ရှင်မိုးအထူးကုဆေးခန်းတို့၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကင်ဆာရောဂါအကြောင်း ပညာပေးဟောပြောမည်ဖြစ်ပြီး ကင်ဆာရှိမရှိ အခမဲ့စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို ဦးဆောင်နေသူများထံမှ သိရသည်။
10-Oct-2018
မြန်မာနိုင်ငံ၌ သမ္မတတာဝန်ကို ပထမဆုံးထမ်းဆောင်ခဲ့သော ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ပုံတူကြေး ရုပ်တုကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ရှိ မင်္ဂလာရပ်ကွက်၌ အောက်တိုဘာလ ၁၉ ရက်နေ့တွင် စိုက်ထူမည်ဖြစ်ကြောင်း ကြေးသွန်းရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
09-Oct-2018
မန္တလေးတိုင်းအတွင်း အခွန်ရှောင်မှုများ မရှိစေရေးအတွက် အခွန်ထမ်းသစ်များ ဖော်ထုတ်လျက်ရှိရာ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက် (ခြောက်လဘဏ္ဍာနှစ်) ကာလအတွင်း အခွန်ထမ်းသစ် ၈၀၀၀ ကျော်ဖော်ထုတ်နိုင်ခဲ့ကြောင်း မန္တလေးတိုင်းအခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
09-Oct-2018
မိတ္ထီလာမြို့နယ် မွေကျေးရွာ၏ မြောက်ဘက်တွင်ရှိသော ရှေးဟောင်း မြောက်မျက်နှာတဝဂူဘုရားမှ ကျောက်ဆင်းတုတော်၏ဦးခေါင်း အောက်တိုဘာလ ၆ ရက်နေ့ ညက အခိုးခံခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
09-Oct-2018
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ ပထမဆုံးညဈေးတန်းကို ဖွင့်လှစ်ရခြင်းမရှိသေးသော်လည်း ဆိုင်ခန်းအချို့ စတင်ရောင်းချနေပြီဖြစ်ကြောင်း ပုဂံညဈေးဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်နုက ပြောကြားသည်။
08-Oct-2018
ပုပ္ပားတောင်ကလပ်၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက မြေကျွံကျမှုများဖြစ်ပွားခဲ့ခြင်းကြောင့် အောင်သိဒ္ဓိကုန်းနေရာအပါအဝင် သုံးနေရာ၌ မြေလွှာရွေ့လျားမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အတွင်းရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။
07-Oct-2018
အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများအတွက် ဆောက်လုပ်ပေးထားသော အငှားအိမ်ရာတိုက်ခန်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ ဦးဆောင်စစ်ဆေးခဲ့ပြီး အမှန်တကယ်နေထိုင်သူများကိုသာ စာချုပ်အသစ်ချုပ်ဆို၍ ပြန်လည်ငှားရမ်းပေးမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
06-Oct-2018
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဋာကောင်းမှုတော်စေတီကို နိုဝင်ဘာလကစတင်ကာ အဖြူရောင်ဆေးသင်္ကန်း ပြန်လည် ကပ်လှူမည်ဖြစ်ကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့က ပြောကြားသည်။
05-Oct-2018
မန္တလေးတိုင်းအစိုးရအဖွဲ့က ကျပ် ၆၅၉၁ သန်းဖြင့် မန္တလေး-မတ္တရာကား လမ်းပြုပြင်မည့် စီမံကိန်းသည် အသုံးစရိတ်များပြားနေသည်ဟုဆိုကာ အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ၁၁ ကြိမ်မြောက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပယ်ချလိုက်သည်။
05-Oct-2018
မန္တလေးတိုင်း ပျော်ဘွယ်-လဲဘူး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ကားရထား (RBE) တစ်စင်း အောက်တိုဘာလ ၄ ရက်နေ့နံနက်ပိုင်းက တိမ်းမှောက်ခဲ့ရာ ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ပျော်ဘွယ်ဘူတာရုံထံမှ စုံစမ်းသိရှိရသည်။
04-Oct-2018
မန္တလေးကုန်စည်ဒိုင်တွင် ကျပ်သိန်း ၁၁၆၀ ကျော်လိမ်လည်ခဲ့မှုနှင့် ပတ်သက်၍ စိန်လမင်းပွဲရုံပိုင်ရှင် ဦးဆန်းထွန်းလွင်ကို ယခုလကုန်ဖြေရှင်းပေးရန် အချိန်တိုးပေးထားကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း - မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။
04-Oct-2018
ချမ်းမြရွှေပြည်ယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်ကားကွင်း) ကို အဆင့်မြှင့်တင်ရန်ရှိသောကြောင့် အဆိုပါကားကွင်းရှိ ဆိုင်ခန်းများ တံခွန်တိုင်အဝိုင်းအနီးသို့ ရွှေ့ပြောင်းရမည့် အစီအစဉ်ရွှေ့ဆိုင်းလိုက်ကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ပြောကြားသည်။