12-Jun-2017 tagged as မန္တလေး
ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာအတွင်း ဇွန်လ ၁၀ ရက်နေ့ညက ကျင်းပသည့် တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲ၌ လူငယ်အုပ်စုနှစ်စု ရန်ဖြစ်ရာမှ တစ်ဦး သေဆုံးသွားခဲ့ရာ လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူငယ်လေးဦးကို ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ငလျင်ဒဏ်သင့် ပုဂံဘုရားအဆူ ၅၀ ကို ကျပ်ငါးဘီလီယံခန့် အကုန်အကျခံကာ ယခုနှစ်အတွင်း ပြင်ဆင်ရန် လျာထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
11-Jun-2017 tagged as
အဝေးပြေး ကုန်တင်ယာဉ်ကြီးများ အနေနှင့် တန်အနည်းငယ်သာ တင်ဆောင်မောင်းနှင်သော်လည်း တန်အပြည့်နှုန်းများအတိုင်း တိုးဂိတ်များက ကောက်ခံခြင်းခံနေရကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်းများက ပြောကြားသည်။
11-Jun-2017 tagged as မန္တလေး
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဟိုတယ်နှင့် လူနေခြံဝင်းများအတွင်း ရှိနေသည့် ဘုရား၊ စေတီပုထိုးများနှင့် အုတ်ကျောင်းများကို ဇွန်လ ၁၁ ရက် နံနက် ၈ နာရီကစ၍ သန့်ရှင်းရေးပြုလုပ်မည်
09-Jun-2017 tagged as တရားသူကြီး
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကို ယင်းမြို့နယ်တရားရုံးက လေးနှစ်ကြာ စစ်ဆေးနေသည့် အမှုဟောင်းဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံစေရန် ဇွန်လ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
အောင်မြေသာစံမြို့နယ် အတွင်းရှိ ကုသိုလ်တော်ဘုရားသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို ခိုးယူခဲ့သူအား ဂျီပီစက် (GPS) စနစ်ဖြင့် ခြေရာခံကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
08-Jun-2017 tagged as မန္တလေး
မြန်မာနိုင်ငံမှထွက်ရှိသော ဝါးဘိုးဝါး ၊ကြသောင်းဝါး၊ တင်းဝါး စသည်တို့ဖြင့် ပြုလုပ်ထားသည့် မြန်မာမှုလက်ရာ ဝါး မီးအိမ်များကို ထိုင်းနှင့် စင်ကာပူနိုင်ငံတို့က မှာယူ အသုံးပြုလျက်ရှိကြောင်း မြန်မာ့ဝါး အနုပညာ ဖန်တီးမှုလုပ်ငန်းရှင် ဦးဝင်းမော်ငြိမ်းက ပြောကြားသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင် အဂါရဝ ဖြစ်စေသည့်အပြုအမှုများ ပြုလုပ်သူများကို အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
မြန်မာ့ယဉ်ကျေးမှုများ တစုတဝေး တည်ရှိရာ ပုဂံညောင်ဦးဒေသကို အခြေခံ ရိုက်ကူးထားသည့် “ကျွန်” ဇာတ်ကား ဒါရိုက်တာကို တရားမကြောင်းအရ တရား စွဲမည်
07-Jun-2017 tagged as မန္တလေး
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ထုတ်ပြန်ထားသော မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေ တင်ဆက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အထက်မြန်မာပြည် သဘင်ပညာရှင်များ အစည်းအရုံးက ကန့်ကွက်လိုက်ပြီး ခေတ်ပေါ်တူရိယာများ အသုံးပြုခွင့် ပြန်ပေးရန် တောင်းဆိုသွားမည်
06-Jun-2017 tagged as မန္တလေး
မန္တလေးမြို့တော်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်မောင်းများကို ဇူလိုင်လဆန်းပိုင်းကစ၍ အရေးယူတော့မည် ဖြစ်ကြောင်း မန္တလေးမြို့ရှိ အမှတ် (၁၄) ယာဉ်ထိန်းတပ်ဖွဲ့ခွဲက သတိပေးလိုက်သည်။
စစ်ကိုင်းပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဇော်ရဲထွဋ် ကျောင်းပြန်တက်ခွင့် လက်မခံပါက အစာငတ်ခံ ဆန္ဒပြမည်ဟု အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသော ဗကသအဖွဲ့ဝင် ကိုနှင်းအောင်က The Voice သို့ ပြောကြားသည်။
05-Jun-2017 tagged as
မန္တလေးတောင်ခြေအနီးရှိ ကုသိုလ်တော်ဘုရား အနောက်ဘက် ကွင်းပြင်တွင် လူစုလူဝေးဖြင့် ဆန္ဒပြပွဲများ ပြုလုပ်လာသောကြောင့် ယင်းသို့မလုပ်နိုင်ရန် ဇွန်လ ဒုတိယပတ်အတွင်း ခြံဝင်းခတ်၍ ကာရံသွားမည်ဖြစ်ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
03-Jun-2017 tagged as အိမ်ဖော်
အမရပူရမြို့နယ် ထန်းတောကျေးရွာရှိ စက်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် နှိပ်စက်ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးငယ်ကို ဇွန်လ ၂ ရက်နေ့က ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း အမရပူရမြို့နယ် တရားရုံးထံမှ သိရသည်။
02-Jun-2017 tagged as မန္တလေး
မန္တလေးမြို့တော်တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေသဖြင့် ပြည်သူများကို တောင်းပန်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်နှင့် ပို့ဆောင်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။