News

19-Apr-2019
ခေတ်အဆက်ဆက်က ထွက်ရှိခဲ့သော ခေတ်ဟောင်းကင်မရာအလုံးရေ ၂၀၀ ကျော်ကိို စုစည်းပြသမည့် ခေတ်ဟောင်းကင်မရာပြပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ဧပြီလ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်။
17-Apr-2019
နိုင်ငံတော် သမ္မတက ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့မှ အကျဉ်းသူ အကျဉ်းသား ၁၂၁၁ ဦးတို့တွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျနေကြသည့် မုန်းကိုးကာကွယ်ရေးတပ် (MDA) မှ မရမ်ဂန်းနှင့် အယ်ဇော်လှတို့ပါဝင်လာခဲ့သည်။
17-Apr-2019
သြင်္ကန်ကာလ၌ မန္တလေးမြို့တွင်း တရားမဝင် ယာဉ်ရပ်နားခ ကောက်ခံခဲ့သော နေရာများနှင့် လေလံစည်းကမ်းဖောက်ဖျက်၍ သတ်မှတ်နှုန်းထားထက် ငွေကြေး ပိုမိုကောက်ခံခဲ့သူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
17-Apr-2019
သြင်္ကန်ပွဲတော် နောက်ဆုံးနေ့ အတက်နေ့တွင် မန္တလေးတိုင်းအတွင်းရှိ ဆေးရုံများသို့ အရေးပေါ် တက်ရောက်လာသူ လူနာ နှစ်ရာနီးပါးအထိရှိခဲ့ပြီး သေဆုံးသူ ရှစ်ဦးရှိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
16-Apr-2019
သြင်္ကန်ပွဲတော်ကာလ ပထမသုံးရက်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် ရေနစ်သေဆုံးမှုတို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ သေဆုံးသူ ၂၃ ဦးအထိ ရှိနေပြီဖြစ်သည်။
15-Apr-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအဆူ ၄၀ တွင် QR Code Scan Stand များ ထပ်မံထားရှိထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
08-Apr-2019
မန္တလေးတိုင်းအတွင်းရှိ ဆည်ရေဖြင့် စိုက်ပျိုးသူများထံမှ ၂၀၀၆-ဝ၇(နွေသီးနှံ)မှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ အစိုးရသို့ ပေးသွင်းရန်ကျန်သည့် ဆည်ရေခွန်ပမာသည် ကျပ်သန်း ၉၁၅၄ ကျော်ရှိကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။
08-Apr-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပထမဦးဆုံးအဖြစ် လမ်းလျှောက်သြင်္ကန်ကျင်းပမည်ဖြစ်ကြောင်း ပုဂံလမ်းလျှောက်မဟာသြင်္ကန် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
04-Apr-2019
မန္တလေးတိုင်း ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရွှေလုပ်ကွက်များအတွင်း ရွှေခိုးတူးမှုများကို တာဝန်ကျ နိုင်ငံဝန်ထမ်းများက အဂတိလိုက်စားပြီး ကူညီနေကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့် အမျိုးသားနှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒဖြင့် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ထားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။
04-Apr-2019
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာရေးအတွက် တင်သွင်းစီးနင်းခွင့်ပြုထားသော RLG (သာသနာရေး) နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ရဟန်းသံဃာများ အမှန်တကယ် ပိုင်ဆိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝီဒူရက မိန့်ကြားသည်။
04-Apr-2019
မန္တလေးမြို့အရှေ့ခြမ်းရှိ ရေရရှိမှုနည်းသော ရပ်ကွက်များကို ပိုက်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်မတိုင်မီ ရေဖြန့်ဖြူးရေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောကြားသည်။
04-Apr-2019
ရန်ကုန်မြို့မှ မိုင် ၁၅၀၀ ခရီးနှင်မည့် ငြိမ်းချမ်းရေးဆိုင်ကယ်စီးအဖွဲ့သည် ဧပြီလ ၃ ရက်နေ့က မန္တလေးမြို့သို့ ခေတ္တဝင်ရောက်ပြီးနောက် ရန်ကုန်မြို့သို့ ခရီးဆက်လက်ထွက်ခွာသွားသည်။
03-Apr-2019
မန္တလေးတိုင်းအတွင်းရှိ နည်းပညာတက္ကသိုလ်နှစ်ခု ပူးပေါင်း၍ သံချပ်နှင့် ယိမ်းအကတို့ကို အလှပြယာဉ်ဖြင့် ယခုနှစ် မန္တလေးသြင်္ကန်တွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ဦးဆင့်စိုးက ပြောကြားသည်။
03-Apr-2019
မန္တလေးတိုင်းအတွင်းဖော်ဆောင်နေသော မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းသည် လာမည့် ၅ နှစ်အတွင်း လုပ်ငန်းများပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Mandalay Myotha Industrial Development Public Co,ltd ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။
03-Apr-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခနှုန်းထားများကို လျှော့ချသတ်မှတ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။