News

27-Apr-2019
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုဇုန်ရှိ စက်ဘီးစက်ရုံတွင် ဂျပန်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုဖြင့် Made in Myanmar တံဆိပ်ကပ်နှိပ်ကာ ၂ နှစ်အတွင်း လျှပ်စစ်စက်ဘီးများ ထုတ်လုပ်၍ ပြည်တွင်း ပြည်ပသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ (MIMC) ထံမှ သိရသည်။
27-Apr-2019
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည် တောင်ရပ်ကွက်၊ အကွက် အမှတ် (၈၅၃) တွင် ဧပြီလ ၂၇ ရက် နံနက် ၇ နာရီကျော်က လောင်ကျွမ်းသည့်မီးကြောင့် နေအိမ် ၃၂ လုံးနှင့် ကျပ်သိန်း ၂၃၀ ကျော်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၂၅၀ နီးပါး မီးဘေးသင့်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
27-Apr-2019
ဖားကန့်မြို့ ဗလခကျောက်မှော်အတွင်း နွံကန်ပြိုကျမှုမှ သေဆုံးခဲ့သူ ၅၀ ကျော်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများမှာ တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ စီဖြင့် ကျပ်သိန်း ၁၆,၅၀၀ ခန့်ကို ဧပြီ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။
25-Apr-2019
မန္တလေး မဟာမုနိဘုရားကြီးမှ ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေရာ ရွှေ ၆ ပိဿာကျော်ရရှိထားပြီးဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
24-Apr-2019
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်စိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားသည့် ချဉ်ပေါင်လျှော်ပင်များဟု ယူဆထားသည့် အပင်များမှာ ဆေးခြောက်ပင်များဟု တာဝန်ရှိသူများက စစ်ဆေးအတည်ပြုလိုက်ပြီး စိုက်ခင်းပိုင်ရှင်များဖြစ်သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ကို မူးယစ်ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း
23-Apr-2019
မိုးကုတ်မြို့ ကျပ်ပြင်ရပ် ဘော်လုံးကြီးကျေးရွာရှိ ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခု ဧပြီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပြိုကျရာ အတွင်း၌ ကျောက်ဝင်ရှာသည့် တွင်းလုပ်သားနှစ်ဦး ကျောက်တုံးများပိကာ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
23-Apr-2019
ပထမအင်းဝမြို့ကို တည်ထောင်ခဲ့သည့် သတိုးမင်းဖျားကြေးရုပ်တုကို အင်းဝမြို့ဟောင်း၌ ထားရှိနိုင်ရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာမှုပညာရှင် တမ္မဝတီ ဦးဝင်းမောင်က ပြောကြားသည်။
23-Apr-2019
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များအနီးရှိ နွံကန်တစ်ခု ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်က ပြိုကျခဲ့၍ ကုမ္ပဏီနှစ်ခုမှ တူးဖော်ရေးလုပ်သား ၅၀ ကျော်ပျောက်ဆုံးနေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။
22-Apr-2019
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာရှိ ရွှေလုပ်ကွက်တစ်ခုအတွင်း ဧပြီလ ၂၁ ရက်နေ့ ညပိုင်းက ရေလုံးပေါက်ကျမှုဖြစ်ပွားရာ လုပ်သားလေးဦး ပြုတ်ကျရာမှ နှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းလုပ်ကွက်အတွင်းရှိ ရွှေလုပ်သားများထံမှ သိရသည်။
22-Apr-2019
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အလိုမရှိကြောင်းနှင့် ဧရာဝတီကိုကယ်ဆယ်ရေး စတစ်ကာကမ်းပိန်းကို မန္တလေးမြို့ လမ်းဆုံနှင့် လူစည်ကားရာနေရာများတွင် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။
20-Apr-2019
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်တွင် သတင်းစာဆရာ၊ စာရေးဆရာ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဧပြီလ၂၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအခမ်းအနား စီစဉ်သူများထံမှ သိရသည်။
20-Apr-2019
ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာအနီး ရှေးဟောင်းသံချက်ဖိုများကို သုတေသနပြုလုပ်မှုများအရ တိုက်ရိုက် သံချက်လုပ်သောနည်းကို အသုံးပြုသည့် သံချက်ဖိုများဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
19-Apr-2019
မန္တလေးမြို့ ချမ်းအေးသာစံရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုအတွင်းမှ ပစ္စည်းများတွင် အလိုအလျောက် မီးတောက်များ ထွက်နေသည့်အတွက် မီးသတ်တပ်ဖွဲ့က စောင့်ကြည့်နေကြရသည်။
19-Apr-2019
ခေတ်အဆက်ဆက်က ထွက်ရှိခဲ့သော ခေတ်ဟောင်းကင်မရာအလုံးရေ ၂၀၀ ကျော်ကိို စုစည်းပြသမည့် ခေတ်ဟောင်းကင်မရာပြပွဲကို မန္တလေးမြို့ မြို့တော်ခန်းမတွင် ဧပြီလ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွားမည်။
17-Apr-2019
နိုင်ငံတော် သမ္မတက ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းတို့မှ အကျဉ်းသူ အကျဉ်းသား ၁၂၁၁ ဦးတို့တွင် နှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျနေကြသည့် မုန်းကိုးကာကွယ်ရေးတပ် (MDA) မှ မရမ်ဂန်းနှင့် အယ်ဇော်လှတို့ပါဝင်လာခဲ့သည်။