News

22-Sep-2016
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စက်တင်ဘာ ၂၁ ရက်နေ့ ညက ရွာသွန်းခဲ့သည့် မိုးကြောင့် ငလျင်ဒဏ်သင့် ပုဂံဘုရား စေတီအချို့ ပျက်စီးခြင်းများ ကြုံတွေခဲ့ရာ ကနဦး စာရင်းများအရ ဘုရားစေတီ ၁၃ ဆူခန့် ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
21-Sep-2016
မန္တလေးမြို့တော်အတွင်း အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ရာ ရပ်ဝေးဒေသများမှ တာဝန် ထမ်းဆောင်ရန် ရောက်လာသည့် ပညာရေး ဝန်ထမ်းများကို ဦးစားပေး ချထားမည်
14-Sep-2016
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် အခန်းတစ်ခုတွင် စက်တင်ဘာ ၁၃ ရက်နေ့ က အခန်းမျက်နှာကြက်မှှ မြွေတစ်ကောင်ပြုတ်ကျခဲ့ရာ အဆိုပါ အခန်းတွင် တည်းခိုနေသော တရုတ်နိုင်ငံသား၏ မျက်လုံးကိုက်ခံရသည် တိုင်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်
14-Sep-2016
"ချောင်းကြီး ရေအေးကွင်းမှာ တရုတ်တွေနဲ့ ကားတွေအများကြီးမိတာကို ကားသုံးစီးထဲ ဖမ်းတာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေပါ။ တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို ပြည်သူတွေက တင်ပြ တိုင်ကြားနေတာကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်မှု မရှိဘဲ မျက်ကွယ်ပြုတာလည်း ဒီဝန်ထမ်းတွေပါ ပဲ။ နှစ်ကာလရှည် စိုက်ပျိုးလာတဲ့ တောင်သူတွေ တရားစွဲခံရလို့ တရားရင်ဆိုင်နေရတာလည်း ဒီဝန်ထမ်းတွေကြောင့်ပါ။ ဒါတွေကို အရေးမယူဘူးဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ ကျေးရွာဒေသခံတွေ ထိုင်သပိတ်ဆင်နွှဲမယ်"
13-Sep-2016
"ကျောင်းထုတ်မယ့် ကိစ္စကို ကြိုတင်အကြောင်းကြားခဲ့ခြင်း၊ မိဘတွေကို ခေါ်ယူတွေ့ဆုံ သတိပေးခြင်းမျိုး တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော့်သား ကျောင်းထုတ်ခံရတယ် ဆိုတာကိုတောင် စက်တင်ဘာလ ၅ ရက်နေ့လောက်ကမှ အပြင်က သိရတာ။ ကျောင်းကို သွားကြည့်တော့မှ တကယ် ဖြစ်နေတာ"
12-Sep-2016
ယာဉ်ကြော ရှုပ်ထွေးမှု အများဆုံး နေရာတွင် ပါဝင်သည့် မန္တလေးမြို့ ၇၈ လမ်းနှင့် လမ်း ၃ဝ ဆုံရာ ဘူတာကြီး အဝိုင်းပတ်ကို ဖျက်သိမ်း၍ ယင်းနေရာတွင် အလိုအလျောက် ထိန်းချုပ်ပေးမည့် Real Time Traffic Light မီးပွိုင့်အဖြစ် ပြောင်းလဲတပ်ဆင် ထားရှိမည်
12-Sep-2016
"တံတားအနီးမှာ တံတားနဲ့ Level တူ မြေဖို့ထားတာတွေ ရှိတယ်။ ရှစ်ပေလောက် မြင့်တယ်။ နောက်ပြီး ရေပိုက် မြောင်းတွေလည်း ရှိတယ်။ အဲဒါတွေက အင်းထဲကို အကုန်ရောက်မှာ။ အရင်ကလည်း နှစ်ကြိမ်လောက် တားမြစ်ထားတာ ရှိတယ်။ အဲဒီတုန်းက နှုတ်မိန့်နဲ့ပေါ့။ အခုကတော့ တရားဝင်ဖြစ်အောင် စာထုတ် တားမြစ်လိုက်တာ"
12-Sep-2016
"နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲတစ်ရပ်အနေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်ဝမ်၊ ထိုင်းနဲ့ ဂျပန်က ဒိုင်တွေလည်းကို ခေါ်ထားတယ်။ ပြိုင်ပွဲဝင်ကြေးကိုတော့ ထပ်မံ ထုတ်ပြန်ပေးမှာပါ။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်စာချုပ် ချုပ်ဆိုပြီးမှ ယှဉ်ပြိုင်ခွင့်ရမယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျင်းပတဲ့ ပွဲဆိုတော့ ပြိုင်ပွဲဝင် လျှောက်လွှာတွေထဲကမှ ရွေးချယ်ခံရသူတွေ ပြိုင်ပွဲဝင်ခွင့်ရမယ်"
11-Sep-2016
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများဆုံး လာရောက်သည့် အမရပူရမြို့နယ် တောင်သမန်အင်းအနီး၌ အကောင်အထည်ဖော်နေသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် စီမံကိန်းကို မိမိ၏ အမိန့်ဖြင့် စက်တင်ဘာ ၁၀ ရက်က ရပ်ဆိုင်းစေခဲ့ပြီး စိစစ်ရေးအဖွဲ့၏ အစီရင်ခံစာအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က The Voice သို့ ပြောကြားသည်။
11-Sep-2016
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာ ရွာအဝင်လမ်း၌ တရားမဝင်သစ်နှင့်အတူ မော်တော်ယာဉ်တစ်စီးကို စက်တင်ဘာ ၁၀ ရက် ည ၆ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
10-Sep-2016
မီးလောင်ခဲ့သည့် မင်္ဂလာဈေးကို ဖြိုဖျက်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားသည့် တင်ဒါဈေးနှင့် အနီးကပ်ဆုံး ပေးသွင်းနိုင်မည့် ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ဆောင်မည်
10-Sep-2016
မန္တလေးမြို့တော်အတွင်း ရေဆိုး စွန့်ပစ် စနစ် ကောင်းမွန်ရန် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ်ဖြင့် ဆောင်ရွက်သွားမည်
07-Sep-2016
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီများ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့ရာ ရှုမျှော်ခင်း ကြည့်ရှုရန် ခွင့်ပြုထားသည့် ဘုရားများကိုလည်း ပိတ်ပင် ထားခဲ့ရာမှ စက်တင်ဘာလ ၇ ရက်နေ့က စ၍ ဘုရား သုံးဆူပေါ်မှနေ၍ ရှုမျှော်ခင်းများ ပြန်လည် ကြည့်ရှုနိုင်ပြီ
05-Sep-2016
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးချယ်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြုလုပ်မည်ဖြစ်ကြောင်း
05-Sep-2016
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကို ထုံးသင်္ကန်းများ ပြန်လည် ကပ်လှူမည် ( သို့မဟုတ် ) လက်ရှိအတိုင်း ရွှေသင်္ကန်းသာ ကပ်လှူမည် ဟူသော လူထု သဘောထားများ ကောက်ခံ