News

01-Oct-2016
မန္တလေး စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဒီမိုကရေစီ နည်းကျ ပြန်လည် ဖွဲ့စည်းခဲ့သည်။
01-Oct-2016
မြန်မာနိုင်ငံတွင် အုပ်စိုးခဲ့သော ဘုရင်များအနက် နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်း ပါတော်မူနေ့နှင့် နတ်ပြည်စံသက် နှစ် (၁ဝဝ) ပြည့် အလှူကို မြနန်းစံကျော်ရွှေ နန်းတော်ကြီး အတွင်း၌ ပထမဆုံးအကြိမ် ကျင်းပမည်
30-Sep-2016
မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရကို အကျပ် ရိုက်စေမည့် မေးခွန်းမျိုး မဖြစ်စေရန် ထိန်းကျောင်းနေရကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။
30-Sep-2016
ကျောက်ဆည်မြို့ အေးမြကြည်လင် ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာ အချို့ စက်တင်ဘာလ ၃၀ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မီးရှို့ခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
29-Sep-2016
မန္တလေး တိုင်းဒေသကြီးအတွင်း သီတင်းကျွတ် ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်၊ ရောင်းချခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီးဖြစ်ရာ ကျူးလွန်ပါက ပုဒ်မ ၁၈၈ အရ အရေး ယူခံရမည်ဖြစ်ကြောင်း မန္တလေး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောကြားသည်။
28-Sep-2016
ဓမ္မာရုံအတွင်း ဝင်ရောက်ကာ ပရိတ် ရွတ်နေသည်ကို နှောင့်ယှက်ခဲ့သည့် နယ်သာလန် နိုင်ငံသားက ဓမ္မာရုံကို ဘာသာရေး အဆောက်အအုံဖြစ်ကြောင်း သိရှိခြင်း မရှိဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။
28-Sep-2016
"တချို့က ဖမ်းမှလုပ်မယ်။ မဖမ်းရင် မလုပ်ဘူးဆိုတဲ့ သဘောနဲ့ လာမလုပ်ကြတာတွေလည်း ရှိတယ်။ အများအားဖြင့် ကိုယ်ပိုင်ယာဉ်ထက် ဌာနဆိုင်ရာ မော်တော်ယာဉ်တွေနဲ့ သုံးနှစ်ပြည့်မှ သက်တမ်းတိုးကြမယ့် ယာဉ်တွေ ကျန်တာများတယ်။ ဌာနဆိုင်ရာ ယာဉ်တွေက ဘတ်ဂျက်နှစ်နဲ့ သွားရတာကြောင့် ကျန်နေတာ"
28-Sep-2016
" အချို့ယာဉ်လိုင်းတွေက လမ်းကြောင်း သတ်မှတ်ချက်မရှိ၊ အချိန် ကန့်သတ်ချက်မရှိ ပြေးဆွဲနေတယ်။ အထူးသဖြင့် ဈေးချိုနားတစ်ဝိုက် ဂိတ်ထိုးတာတွေကြောင့် ယာဉ်ကြော ကျပ်တည်းမှုတွေ ဖြစ်ရတာ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ စီစဉ်ထားတာ ရှိပါတယ်"
27-Sep-2016
"ကျွန်တော်တို့ ဌာနအနေနဲ့က အရင်ကလို နိုင်ငံတော်ဘဏ္ဍာ မရတော့ဘူး။ ကိုယ့်ဝင်ငွေနဲ့ကို ပြေးဆွဲနေရပြီ ဖြစ်ပါတယ်၊ အရင်က ရထားပြေးဆွဲတာ မကိုက်လို့ ရှုံးရင်လည်း နိုင်ငံတော်အစိုးရက အကုန်အကျခံတယ်၊ အခုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ ရပ်တည်နေရတဲ့အတွက် ဝန်ထမ်းတွေကို လျှော့မပေးနိုင်တော့ပါဘူး"
25-Sep-2016
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ အချိန်က စ၍ မန္တလေးခရိုင်အတွင်းမြို့နယ်ခြောက်ခုရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပြုလုပ်ခဲ့ရာ မဲပေးခွင့်ရှိသူများ စာရင်းတွင် ကွယ်လွန်သူများ ပါဝင်နေသည်ကိုတွေ့ရကြောင်း မြို့ပေါ်ရပ်ကွက် ဒေသခံများထံမှ သိရသည်။
25-Sep-2016
ဒီမိုကရေစီစနစ်သို့ ပြောင်းလဲ ကျင့်သုံးလာချိန်တွင် အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ကိစ္စရပ်များ၌ ရင်ပေါင်တန်း ဆောင်ရွက်နေသော်လည်း မီဒီယာ အခန်းကဏ္ဍ၏ အလေးထား ဖော်ပြရေးသားမှု အားနည်း နေသေးကြောင်း ရန်ကုန်မြို့တော် အခြေစိုက် တြိဂံအမျိုးသမီးအရေး လှုပ်ရှားသူများအဖွဲ့ (Founder GJU of Triangle Women Support Group) ဝင် ဒေါ်ခင်လေးက ပြောကြားသည်။
24-Sep-2016
မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဆင့်ပွားအရောင်းလုပ်ငန်း(Multi-levelMarketing) များကို လုပ်ငန်းလိုင်စင် ချပေးထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမူကော်မရှင်က ပြောဆိုမှုများ ရှိလာသောကြောင့် ယင်းလုပ်ငန်းကို လုပ်ကိုင်နေသော အဖွဲ့ဝင်များ အနေနှင့်မီဒီယာများက ရေးသားထုတ်ဖော်မည်ကို ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း
24-Sep-2016
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ တည်းခိုဆောင် (Hostel) ၌ တည်းခိုသည့် နိုင်ငံခြားသားက ဓမ္မာရုံအတွင်းသို့ ဝင်ရောက်ကာ ပရိတ်ရွက်ခြင်းကို နှောင့်ယှက်ခဲ့သည့်အတွက် ပုဒ်မသုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။
24-Sep-2016
မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် ခန့်အပ်ထားသည့် စာရေးဝန်ထမ်းများ တာဝန် ပျက်ကွက်လျှင် အရေးယူမည်
23-Sep-2016
မန္တလေး တိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း ယစ်မျိုး အမှုပေါင်း ငါးထောင်ကျော် ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။