News

21-Oct-2016
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအနီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တောင်သမန်သစ္စာ စီမံကိန်းကို ဒေသခံအများစုက မနှစ်သက်ကြကြောင်း အမရပူရမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားသည်။
20-Oct-2016
မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိ သည့် မန္တလေးမြို့ပေါ် ခုနစ်နေရာတွင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
18-Oct-2016
စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ရှိ ပန်ဒါ ချည်မျှင်အထည်နှင့် အချောကိုင် စက်ရုံရှေ့၌ ရက်ပေါင်း ၁၃ဝ ကျော်ကြာ ထိုင် သပိတ်လုပ်၍ ဆန္ဒ ထုတ်ဖော်နေသော အလုပ်သမား ၆ဝဝ ကျော်သည် နေပြည်တော်အထိ လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ရန် စီစဉ်နေကြောင်း ယင်းစက်ရုံ အခြေခံ အလုပ်သမားများ အဖွဲ့ထံမှ သိရသည်။
17-Oct-2016
မန္တလေး- မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းလမ်းပိုင်းကို ပြန်လည် ပြင်ဆင်ရန် အောက်တိုဘာလ ၁၈ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ တစ်ရက် သုံးနာရီ လမ်းပိတ်ထားခြင်းမှာ ရေရှည် ကောင်းမွန်စေရန် ရည်ရွယ်ကြောင်း အဆိုပါလမ်းပိုင်းကို တာဝန် ယူထားသည့် အိုရီယမ်တယ် ဟိုင်းဝေး ကုမ္ပဏီထံမှ သိရသည်။
15-Oct-2016
ခါကာဘိုရာဇီ တောင်တက်သမား ကိုအောင်မြင့်မြတ် ကိုယ်တိုင် ရိုက်ကူးခဲ့သည့် မြန်မာနိုင်ငံ မြောက်ဖျားဒေသ သဘာဝ အလှအပ ရှုခင်းများနှင့် ရေခဲတောင်ဒေသ ရှုခင်းများ ဓာတ်ပုံပြပွဲကို လာမည့်အောက်တိုဘာလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပြီး ရရှိလာသည့် ဓာတ်ပုံ ရောင်းရငွေများကို ငလျင်ဒဏ်သင့် ပုဂံဘုရား ပုထိုးများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးအတွက် လှူဒါန်းသွားမည်
14-Oct-2016
မြန်မာနိုင်ငံတွင်း ကျောက်စိမ်းထွက်ရှိရာ ဒေသဖြစ်သည့် ဖားကန့် ကျောက်စိမ်းမှော်နယ် နယ်မြေရှိ ဆိပ်မူကျေးရွာအုပ်စု၊ မှက်လင်ချောင်မှော်ရှိ နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေသည့် ရတနာတောင်တန်း ကုမ္ပဏီလုပ်ကွက် အတွင်းမှ တန်ချိန် ၁၈၀ နီးပါး ရှိသည့်၊ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံး စာရင်းဝင်နိုင်သည့် လုံးစွတ်အမျိုးအစား ကျောက်စိမ်းတုံးကြီးကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အတည်ပြု ရေးသားထားသည်။
14-Oct-2016
တရုတ်နိုင်ငံရှိ ဒုတိယကမ္ဘာစစ်သမိုင်း ပြတိုက်သို့ လှူဒါန်းမည့် ဒုတိယကမ္ဘာစစ်သုံး အမေရိကန်လေယာဉ် စီ-၄၇ ၏ နောက်ဆုံးသမိုင်းဝင် ခရီးစဉ်အဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် ရောက်ရှိခဲ့သည်။
12-Oct-2016
"ကျွန်တော်တို့က ကိုယ့်အစီအစဉ်နှင့်ကို ဒီတိုင်းသွားစစ်ရင် တရားဝင် နေထိုင်တဲ့လူတွေကို အနှောင့်အယှက် ပေးတယ်ဆိုတာမျိုးဖြစ်မယ်၊ အဲဒီလို အခြေအနေရှိတော့ ပြည်သူတွေအနေနဲ့ ဘယ်နားက ဘယ်အိမ်မှာတော့ နိုင်ငံခြားသားတွေ နေတာကြာပြီ၊ တရားဝင် မဟုတ်ဘူးထင် တယ် ဆိုတာမျိုး အကြောင်းကြားလာရင် ချက်ချင်း သွားစစ်လိုက်မှာပါ"
10-Oct-2016
ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရာ နယ်မြေအတွင်းရှိ ကျေးရွာခြောက်ခုကို ပြည်တွင်း၊ ပြည်ပ ခရီးသွားလာရာဒေသ အဖြစ် ဖော်ထုတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
10-Oct-2016
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့်ဘုရားများကို ပြန်လည်ပြုပြင်ရန် အနည်းဆုံး အချိန်ငါးနှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
07-Oct-2016
အစိုးရသစ် ရက်တစ်ရာ စီမံကိန်းတွင် စာရင်း ကောက်ယူခဲ့သော ရွှေ့ပြောင်း လုပ်သားများကို နေထိုင်သည့် မြို့နယ် အတွင်း အိမ်ထောင်စု စာရင်းကို မန္တလေး ခရိုင်အတွင်းရှိ ပုသိမ်ကြီးမြို့နယ်တွင် အောက်တိုဘာ ၇ ရက်နေ့မှ စတင် ထုတ်ပေးကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ချယ်က ပြောကြားသည်
07-Oct-2016
မီးဘေးသင့် မင်္ဂလာဈေးကို ဖြို ဖျက်ရန် တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီများက ပေးသောနှုန်းနှင့် မြို့တော်စည်ပင်က သတ်မှတ်ထားသော နှုန်းထား မကိုက်ညီ၍ ကြန့်ကြာနေမှုကို အောက်တိုဘာလ ကုန်ပိုင်းအတွင်း အပြီးသတ် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
04-Oct-2016
ပုဂံရှေးဟာင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ ပညာရှင်များ၏ အကြံပြုချက်များပေါ် မူတည်၍ မူလလက်ရာ မဟုတ်သည့် ပြင်ဆင်ထားမှုများကို ဖယ်ရှားနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
04-Oct-2016
"ဇာတ်ကားထဲမှာ မင်းသမီး ပိုးထိလို့ ကျွန်တော်က အဆိပ်ကို ပါးစပ်နဲ့ စုပ်ထုတ်ပေးပြီး သေသွားမယ့်အခန်းကိုရိုက်ရမယ့် လယ်ကွင်းထဲမှာ လမ်းလျောက်နေရင်း မင်းသမီးပိုးမထိပဲ ကျွန်တော် တကယ်ထိသွားတာပါ"
04-Oct-2016
ဓမ္မာရုံအတွင်းဝင်ရောက်ကာ အသံချဲ့စက်ကြိုးများကို ဆွဲဖြုတ်ခဲ့သူ နယ်သာလန်နိုင်ငံသားကို စွဲဆိုထားသည့် ပုဒ်မ နှစ်ခုလုံးဖြင့် မဟော်အောင်မြေတရားရုံးက ယနေ့(အောက်တိုဘာ ၄ ရက်)တွင် အမှုလက်ခံစွဲတင်လိုက်သည်