News

21-Nov-2016
ကော်ရှူခြင်း၊ တောင်းရမ်းစား သောက်ခြင်းနှင့် လမ်းပေါ်တွင် လေလွင့် နေထိုင်သည့် မန္တလေးမြို့တော်မှ ကလေး ၃ဝ ဦးကျော်တို့ကို ၎င်းတို့အနာဂတ် ဘဝ ရှင်သန်ရေးအတွက် သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာသို့ ယခုလ နောက်ဆုံးပတ်အတွင်း ပို့ဆောင်ပေးမည်
20-Nov-2016
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသက် ၉ဝ နှစ်အထက် ဘိုးဘွားများအတွက် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့ကြေးများ ပေးမည်ဖြစ်သောကြောင့် လျှောက်ထားရယူနိုင်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
19-Nov-2016
မန္တလေးခရိုင်အတွင်း လမ်းပေါ်နေ ကလေးများ လျော့နည်းပပျောက်ရေး၏ ကနဦး စီမံချက်အရ လမ်းပေါ်နေ ကလေး ၁၂ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို သုံးစွဲနေသည်ကို တွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
18-Nov-2016
မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်သစ္စာ ကျေးလက် ရီဆော့ စီမံကိန်းကို အကန့်အသတ်ဖြင့် ပြန်လည် ခွင့်ပြုဖွယ် ရှိကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
17-Nov-2016
အူရီဒူးမြန်မာအနေနှင့် မြန်မာ နိုင်ငံအတွင်း ပထမဆုံးသော သုံးစွဲသူ ဝန်ဆောင်မှု စင်တာကို မန္တလေးမြို့တော်ရှိ ၃၅ လမ်းနှင့် ၅၄ လမ်းရှိ အူရီဒူး မြန်မာရုံးချုပ်၌ နိုဝင်ဘာလ ၁၆ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
16-Nov-2016
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၏ လှူဒါန်းငွေဖြင့် ပြုလုပ်မည့် မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက် အဆင့်မြင့်တင် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုဝင်ဘာ တတိယပတ်အတွင်း စတင်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။
15-Nov-2016
မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ၁၂ နှစ်ခန့် အရွယ်ရှိ မိန်းကလေး တစ်ဦးက သုံးနှစ်အရွယ် ကလေးငယ် (ယောက်ျားလေး) တစ်ဦးကို ခိုးယူခဲ့ကြောင်း မဟာအောင်မြေ ကျောက်ဝိုင်းအနီး မျက်မြင် တွေ့ရှိသူများထံမှ သိရသည်။
12-Nov-2016
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ယာယီရပ်ဆိုင်းခိုင်းထားသော အမရပူရမြို့နယ်ရှိ ဦးပိန်တံတား ပြင်ဆင်နေမှုကို ယခုရက်ပိုင်းအတွင်း ပြန်လည်စတင်ဖွယ်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။
11-Nov-2016
အစိုးရ အကူးအပြောင်းကာလ မန္တလေးခရိုင်အတွင်း ယခင်အစိုးရ တာဝန်ရှိသူတို့က လက်သိပ်ထိုး ချထားပေးခဲ့သည့် မြေကွက်များ ရယူမှုတွင် ယခင် အစိုးရ အကြီးအကဲ အချို့၏ ဆွေမျိုးသားချင်းများ ပါဝင်နေပြီး အမည်ခံ လျှောက်ထားမှုများလည်း တွေ့ရှိရကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။
11-Nov-2016
မြေယာ နစ်နာကြေး မယူသည့် တောင်သူများ ရှိသဖြင့် တံတားဦး ဟိုတယ် စီမံကိန်း စတင်ရန် နှောင့်နှေးနေရာ တောင်သူများ အားလုံး မြေယာ နစ်နာကြေး ရယူကာ လယ်ယာမြေများ ပေးအပ်လျှင် မြေယာ နစ်နာကြေး တိုးပေးမည်ဖြစ်ကြောင်း Myanmar Tourism Development Public Company မှ ဒါရိုက်တာ ဦးမြင့်အောင်က ပြောကြားသည်။
06-Nov-2016
မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်း အရောင်းအဝယ် အေးစက်နေပြီး ကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်ရှိ အိမ်အငှားဈေးကွက်သာ အလုပ်ဖြစ်နေကြောင်း မန္တလေးမြို့ရှိ အိမ်၊ ခြံ၊ မြေ လုပ်ငန်း အကျိုးတော်ဆောင်များထံမှ သိရသည်။
05-Nov-2016
ဟိုတယ်လိုင်စင် ချထားမှု ယာယီ ရပ်ဆိုင်းထားသည့် မန္တလေးတိုင်းဒေသကြီးတွင် လိုင်စင် လျှောက်ထားသူ ၁၁ ဦးကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်ရှိမှသာ ခွင့်ပြုပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
05-Nov-2016
မန္တလေးမြို့ပေါ်ကို လွှမ်းခြုံနိုင်ရန် နည်းပညာအဆင့်မြင့် လုံခြုံရေး ကင်မရာ အလုံး တစ်ရာကျော်ကို ငါးလအတွင်း အပြီး တပ်ဆင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။
04-Nov-2016
မန္တလေးခရိုင် အတွင်းရှိ လမ်းပေါ်နေ ကလေးများ လျော့နည်းပပျောက်ရေး အတွက် နိုဝင်ဘာလ ၇ ရက်နေ့ကစ၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
30-Oct-2016
မန္တလေးမြို့ခံ လူငယ်များ အနုပညာ လုပ်ငန်းများ ပိုမို လွတ်လပ်စွာ လုပ်ဆောင် နိုင်ရေးအတွက် Young Dream Halloween ပြပွဲကို လူငယ် အနုပညာရှင်များ အောက်တိုဘာလ ၃ဝ ရက်နေ့က စုပေါင်း ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲ ပြုလုပ်သည့် Young Dream အဖွဲ့မှ ဦးရည်ချွန်ကျော်က ပြောကြားသည်။