News

16-Mar-2019
မန္တလေးမြို့တော်ကို Smart City အဖြစ် တည်ဆောက်ရာတွင် အခက်အခဲအချို့ရှိနေကြောင်း Smart City ကို အဓိကဦးဆောင်ဖော်ဆောင်နေသူ ဦးရဲမြတ်သူက ပြောကြားသည်။
14-Mar-2019
ဘာသာရေးအခြေပြုကျောင်းများတွင် အခြေခံပညာရပ်များသင်ကြားပေးနိုင်ရန်အတွက် မူဝါဒများရေးဆွဲနေကြောင်း ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
14-Mar-2019
မန္တလေးမြို့ သမိုင်းဝင်ဂေဇက်ရ ဘုရားနီမြတ်စွာဘုရား ပရဝုဏ်မျက်နှာစာရှိ ပုလဲငွေရောင်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့အဆောက်အအုံကို အပြီးသတ်ဖယ်ရှားပေးရန် ယင်းဘုရားဂေါကပအဖွဲ့က တောင်းဆိုလိုက်သည်။
13-Mar-2019
မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ် ပါဝင်ခဲ့သည့် မြေယာ ၁၃ ဧက၏ မူလပိုင်ရှင်တောင်သူ ၃ ဦးကို တိုင်းအစိုးရအဖွဲ့က လျော်ကြေးငွေ ကျပ်သိန်း ၃၉၀၀ ကျော်ကို ပြန်လည် ပေးအပ်သည့်အခမ်းအနားကို ယင်းအကျဉ်းထောင်ရှိ ဓမ္မာရုံတွင် မတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
13-Mar-2019
မန္တလေးမြို့ မဟာမြိုင် (၁) ရတနာပျိုးခင်းစာကြည့်တိုက်တွင် ငြိမ်းချမ်းရေးစာရေဆရာကြီး ဒဂုန်တာရာ အသက်တစ်ရာပြည့်အကြို မြန်မာရသဝတ္ထုရှည်တစ်ထောင်နှင့် ခေတ်ဟောင်းဂျာနယ်ပြပွဲကို မတ်လ ၁၆ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ယင်းစာကြည့်တိုက်ထံမှ သိရသည်။
13-Mar-2019
မန္တလေးမြို့ ဗန်းမော်တိုက် ဗုဒ္ဓတက္ကသိုလ်ခန်းမတွင် မတ်လ ၁၃ ရက်နေ့က ၄၉၂ နှစ်မြောက် ရှမ်းနီးအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း ရှမ်းနီလူငယ်အဖွဲ့ချုပ်ထံမှ သိရသည်။
12-Mar-2019
မြန်မာ့သရက်သီးပွဲတော်ကို မန္တလေးမြို့ Hotel Hazel တွင် မေလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ထံမှ သိရသည်။
11-Mar-2019
အမျိုးသားကဇာတ်ရုံ(မန္တလေး)တွင် မတ်လ ၁၅ ရက်နေ့၌ ဒုတိယအကြိမ်မြောက်အဖြစ်ကျင်းပမည့် သက်ကြီးသဘင်ပညာရှင်များ ပူဇော်ကန်တော့ပွဲတွင် သဘင်ပညာရှင် ၇၀၀ ကျော်ကို ကန်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးထံမှ သိရသည်။
11-Mar-2019
မန္တလေးတိုင်း သာစည်မြို့ မင်းလှကန်အနီးတွင် ဓားနှင့်ခုတ်၍ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သူနှစ်ဦးကို မတ်လ ၁ဝ ရက်နေ့က မိတ္ထီလာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
10-Mar-2019
ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော်ကာလအတွင်း မီးသတ်ပိုက်များဖြင့် ရေပက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ယင်းမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
10-Mar-2019
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်သည့် ပြည်ပခရီးသွားများထံမှ ဇွန်လ ၁ ရက်နေ့မှစတင်၍ ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
09-Mar-2019
ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းကို လုယက်ရင်းလူသတ်မှုကျူးလွန်ခဲ့သူများသည် အခြား ဓားထိုးမှုနှင့် လုယက်မှုငါးမှုတို့ကို အုပ်စုဖြင့် ကျူးလွန်ထားကြောင်း လက်ရှိဖမ်းမိထားသူ အမျိုးသားကို စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့သည်ဟု ချမ်းမြသာစည်မြို့နယ်မြို့မရဲစခန်းထံမှ သိရသည်။
09-Mar-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သဲကျောက်ဖြင့်တည်ဆောက်ထားသည့် နန်းဘုရားကို ဂျာမနီနိုင်ငံပညာရှင်များက မတ်လ ၈ ရက်နေ့မှစတင်၍ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။
07-Mar-2019
မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်သတ်ဖြတ်ခံခဲ့ရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှုမှ တရားခံတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။
07-Mar-2019
မူလတောင်သူပိုင်မြေပေါ်တွင် ရေကြောင်းရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ရာမှ မူလပိုင်ဆိုင်သူများနှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာမှ တရားစွဲဆိုခြင်းခံရသည့် မိသားစုဝင် ၆ ဦးကို မတ်လ ၇ ရက်နေ့က စွဲချက်တင်လိုက်ကြောင်း မဟာအောင်မြေမြို့နယ်တရားရုံးထံမှ သိရသည်။