News

02-Jun-2017
မန္တလေးမြို့တော်တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေသဖြင့် ပြည်သူများကို တောင်းပန်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်နှင့် ပို့ဆောင်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။
30-May-2017
ရာသီဥတု ပူပြင်းသောကြောင့် အစိုးရနည်းပညာကောလိပ် (မြင်းခြံ) အနေနှင့် မေလ ၂၉ ရက်နေ့ကစ၍ ကျောင်းတက်ချိန်ကို နံနက်ပိုင်းသာ ခွင့်ပြုထားကြောင်း ယင်းကောလိပ်တွင် ပညာသင်ယူနေသော ကျောင်းသားများထံမှ သိရသည်။
30-May-2017
မန္တလေးမြို့တော်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက် အထက်တန်းကျောင်းသည် ၂၀၁၇ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရကြောင်း ယင်းကျောင်းတိုက် ကျောင်းအုပ် ဆရာတော် ဦးနာယကက မိန့်ကြားသည်။
28-May-2017
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့သို့ မေလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယာရေး ဝန်ကြီးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီး အပါအဝင် ဝန်ကြီးသုံးဦး သွားရောက်ခဲ့ရာတွင် ဆိုင်းဘုတ်များ ကိုင်ကာ ကြိုဆိုခဲ့သော မြို့ခံနှစ်ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်း/စု/ စီ) ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား
23-May-2017
အောင်မြေသာစံမြို့နယ် အတွင်းရှိ လောင်းကစားဂိမ်းဆိုင် တစ်ခုကို ရဲတပ်ဖွဲ့ဝင်များက မေလ ၂၃ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်က ဝင်ရောက် ဖမ်းဆီးခဲ့သော်လည်း ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။
21-May-2017
ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေး ကျောက်ရှာသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့မှုနှင့် ပတ်သက်၍ မေလ ၂၂ ရက် (ယနေ့) ကျင်းပမည့် လွှတ်တော်တွင် အရေးကြီးမေးခွန်း မေးမြန်းမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
21-May-2017
နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိသည့် ဦးပိန်တံတား ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများအတွက် ပြင်ပအလှူရှင်များ ရှိပါက လှူဒါန်းငွေများကို လက်ခံမည် ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဇာခြည်မင်းက ပြောကြားသည်။
20-May-2017
ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသသို့ လာရောက်သည့် ခရီးသွားများအတွက် သတင်း အချက်အလက်များ ဝန်ဆောင်မှု ပေးနိုင်မည့် အချက်အလက် စင်တာကို အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော် အကုန်အကျခံ၍ ပုဂံမြို့ဟောင်းတွင် တည်ဆောက်နေရာ မေလကုန်ပိုင်းတွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။
19-May-2017
ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းဘုရားများ၊ အဆောက်အအုံများ၏ မြင်ကွင်းများကို ကွယ်နေသည့် ကြော်ငြာဆိုင်းဘုတ်များကို လက်ရှိဘဏ္ဍာနှစ်မှစ၍ သက်တမ်းတိုးခွင့် မပြုကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
17-May-2017
မန္တလေးမြို့တွင် မေလ ၁၆ ရက်နေ့ ညပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် လမ်းမအချို့တွင် ရေလျှံမှုများ ဖြစ်ခဲ့ပြီး မော်တော်ယာဉ်များ သွားလာရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်။
17-May-2017
မြန်မာနိုင်ငံအတွင်းရှိ အသည်းရောဂါ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကုသရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကို အထောက်အကူ ပြုနိုင်မည့် ဖောင်ဒေးရှင်း (Myanmar Liver Foundation - MyLiF) ကို မန္တလေးမြို့၌ လာမည့်မေလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း မန္တလေးဆေးရုံကြီး အသည်း အထူးကုဌာနထံမှ သိရသည်။
16-May-2017
မန္တလေးမြို့ အဝင် အထွက် ဂိတ်များမှနေ၍ လမ်းအသုံးပြုခ ကောက်ခံခွင့် ရရှိထားသူများအနေနှင့် ငွေကြေး ပိုမို ကောက်ခံပါက လုပ်ကိုင်ခွင့် ပြန်လည် ရုပ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
16-May-2017
ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင် နိုင်ငံခြားသား ဧည့်သည်များ ဓာတ်ပုံ ရိုက်နိုင်စေရေးအတွက် ကိုရင်များကို ဘောလုံး ကန်ခိုင်းခဲ့သူကို မေလ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
16-May-2017
အငြိမ်းစားယူမည့် ဝန်ထမ်းများ အိုးပိုင်အိမ်ပိုင် နေထိုင်နိုင်စေရေးအတွက် အငြိမ်းစား အိမ်ရာစခန်း စီမံကိန်းတစ်ခု အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
16-May-2017
မန္တလေးမြို့တော်၌ မေလ ၁၄ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့တွင်းလမ်းများ ရေကြီးရေလျှံ ဖြစ်ရခြင်းမှာ ရွှေတချောင်းမြောင်း အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။