News

11-Feb-2020
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်အတွင်း ဖမ်းဆီးရမိခဲ့သော ဆေးခြောက်အနွယ်ဝင် Hamp စိုက်ခင်းအမှုမှ စကားပြန်ဖြစ်သူ ဒေါ်ရွှန်းလဲ့မြတ်နိုးကို မြင်းခြံခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တရားရှင်လွှတ်လိုက်သည်။
10-Feb-2020
မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ရှိ ဌာနအဖွဲ့အစည်းများတွင် အလွဲသုံးစားမှုများအပါအဝင် ဘဏ္ဍာရေးစည်းမျဉ်းမကျမှု၊ လုပ်ထုံးလုပ်နည်းမကျမှုများတွေ့ရကြောင်း မန္တလေးတိုင်း စာရင်းစစ်ချုပ်ဒေါ်ခင်အေးဆွေက ပြောကြားသည်။
10-Feb-2020
စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသည့် စွန့်ပစ်ရေဆိုးများကြောင့် တောင်ငူကုန်း မကျည်းဇင်ကျေးရွာဒေသခံများ ကျန်းမာရေးထိခိုက်မှုများရှိနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
07-Feb-2020
စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစံပြကျေးရွာတွင် စက်မှုဝန်ကြီးဌာနက သိမ်းဆည်းခံမြေများအနက် မြေဧရိယာ ၁၃၃ ဒသမ ၁၂ ဧကကို ဖေဖော်ဝါရီလ ၆ ရက်နေ့က မူလတောင်သူများထံ ပြန်လည်ပေးအပ်ပွဲကို စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးစံပြကျေးရွာ ရွှေဘုံသာကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့ကကျင်းပခဲ့သည်။
05-Feb-2020
ပုဂံမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အရှေ့အိုးထိန်းတောင်ကုန်းသို့ ခွင့်ပြုချက်မရှိဘဲ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံသားအဖွဲ့မှ နှစ်ဦးကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ပုဂံရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။
04-Feb-2020
ငွေစုငွေချေးအသင်းဝင် ၂၇၀ဝ ခန့် ရှိသည့် ရာဇာစိုးငွေစုငွေချေးသမဝါယမ အသင်းတွင် ထည့်ဝင်စုဆောင်းထားသူ များ၏ငွေများမဆုံးရှုံးစေရန် အသင်းပိုင်ပစ္စည်းများရောင်းချ၍ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းဒါရိုက်တာအဖွဲ့က ထုတ်ပြန်သည်။
03-Feb-2020
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့လယ်နာရီစင်ကို ဖြတ်သန်းသွားသော ရန်ကုန်-မန္တလေး လမ်းမကြီးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းအချိန်က မိတ္ထီလာခရိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့ခံလူမှုကူညီရေးအသင်းများ စုပေါင်း၍ ပြည်သူလူထုကို နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေကာ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
02-Feb-2020
ဝူဟန်မှ ပြန်လာသည့် ကျောင်းသားများကို စောင့်ရှောက်ထားသော မန္တလေးကန်တော်နဒီဆေးရုံကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသဖြင့် ဝင်ရောက်လာသူများကို လေးခွ၊ ရာဘာကျည်များဖြင့် ပစ်ခတ်တားဆီးရန် ခွင့်ပြုပေးထားကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။
01-Feb-2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ဆောင်မည့် မြန်မာကျောင်းသားများကို ဝူဟန်လေဆိပ်၌ ကျန်းမာရေးအရ စစ်ဆေးမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ်သံသယတွေ့ရှိ ပါက ယင်းကျောင်းသားကို ချန်ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုရိုနာဗိုင်းရပ် စောင့်ကြည့်စစ်ဆေးကြီးကြပ်မှု ကော်မတီဥက္ကဌဒေါက်တာရဲလွင် ကပြောသည်။
01-Feb-2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက မြစ်သားမြို့မရဲတပ်ဖွဲ့စခန်းမှူး နှင့်ရဲအရာရှိကို ပြင်းပြင်းထန်ထန်အရေးယူပေးရေးအတွက် အင်အား ၁၀ဝ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
31-Jan-2020
မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို ကျောင်းသားထုအစည်းအဝေးဆုံးဖြတ်ချက်အရ ဇန်နဝါရီလ ၃၀ ရက်နေ့ မှစတင်ကာ ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်း ယင်းသပိတ်မှောက်ကျောင်းသားများထံမှ သိရသည်။
30-Jan-2020
မိတ္ထီလာမြို့ အထွေထွေဆေးရုံသို့ရောက်လာသော သံသယရှိဖွယ် အဖျားနှင့် ချောင်းဆိုးလူနာ အမျိုးသားတစ်ဦးကို မန္တလေးမြို့ရှိ သက်ဆိုင်ရာ ဆေးရုံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးရန်စီစဉ်နေစဉ် ၎င်းအမျိုးသားက ငြင်းဆန်ပြီး ယနေ့ ညနေ (၄ : ၃၀) အချိန်တွင် ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနမှ စုံစမ်းသိရှိရသည်။
30-Jan-2020
မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးမဟာဗျူဟာ ၅ နှစ်စီမံကိန်း ချမှတ်ကာ ၂၀၂၃ ခုနှစ်တွင် လုံးဝပပျောက်စေရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံအနာကြီးရောဂါတိုက်ဖျက်ရေး စီမံကိန်းခေတ္တမန်နေဂျာ ဒေါက်တာမျိုးကိုကိုဇော် က ပြောကြားသည်။
30-Jan-2020
တရုတ်နိုင်ငံဝူဟန်မြို့၌ ရောက်ရှိနေသည့် မြန်မာကျောင်းသားများကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်သွားရန် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရက ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံခြားဝေန်ကြီးဋ္ဌာနက ယနေ့(ဇန်နဝါရီလ ၃၀ ရက်နေ့) ထုတ်ပြန်သည်။