News

25-Apr-2017
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းမှ တိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်း ဧပြီလ ၂၄ ရက်နေ့ညက ဖောက်ထွင်းခံခဲ့ရကြောင်း ယင်းဝန်ကြီးထံမှ သိရသည်။
24-Apr-2017
မန္တလေးမြို့ပေါ် ရပ်ကွက်၂၂ ခုသည် မီးဘေးအန္တရာယ်ရှိသော ရပ်ကွက်များဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က ပြောကြားသည်။
24-Apr-2017
မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့သည့် ၁၈၈၅ ခုနှစ်က အင်္ဂလိပ်တို့ သိမ်းယူသွားသည့် နန်းတွင်း ရတနာပစ္စည်းများ စာရင်းကို လန်ဒန်မြို့ရှိ ရှေ့နေများ၏ အကူအညီဖြင့် စာရင်းပြုစုရန် ပြင်ဆင်နေကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။
23-Apr-2017
လူသတ်မှုနှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေးအတွက် ဘာသာပေါင်းစုံ လူငယ်များ၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ဒေသခံများက တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဆုတောင်းပွဲတွင် သေဆုံးသူ ဇော်မင်းဦး ကောင်းရာသုဂတိလားပါစေ၊ သေဆုံးသူ ဇော်မျိုးဦးအတွက် တရားမျှတမှု ရရှိပါစေ စသည့်ဗီနိုင်းများ၊ ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ အမှုမှန် ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
23-Apr-2017
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင်ချက် ယမန်နှစ်ထက် ပိုမိုမြင့်မားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။
21-Apr-2017
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် နေထိုင်သော လီဆူတိုင်းရင်းသားများ နိုင်ငံသားစိစစ်ရေးကတ် လုပ်ရာတွင် လီရှောတိုင်းရင်းသားဟု သတ်မှတ်ပေးခဲ့မှုကို ကန့်ကွက်သည့် အနေနှင့် ပြည်သူ့လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း လီဆူလူငယ်ခေါင်းဆောင် ဦးအားလုက ပြောကြားသည်။
17-Apr-2017
သြင်္ကန်ပွဲတော်ကာလ လေးရက်တာအတွင်း ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှု ခံယူရသူ ၈၀၀ ကျော် ရှိခဲ့ကြောင်း ယင်းဆေးရုံ ဆေးနှင့် လူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။
15-Apr-2017
မဟာသြင်္ကန်ကာလအတွင်း မန္တလေးမြို့တော်၌ စက်ဘီး/ဆိုင်ကယ် အပ်နှံခွင့် လုပ်ကိုင်ခွင့် ရရှိသူများသည် သတ်မှတ်နှုန်း ကျပ် ၅၀၀ ထက် ပိုကောက်မှုရှိခဲ့ရာ ပထမအကြိမ် ဒဏ်ရိုက်ခဲ့ပြီး ထပ်မံကျူးလွန်ပါက ကျပ်သုံးသိန်း ထပ်မံဒဏ်ရိုက်မည် ဖြစ်ကြောင်း မန္တလေးမြို့တာ် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။
13-Apr-2017
နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ပေးသည့် အထူးလျှော့ရက်ခံစားခွင့်ရ အကျဉ်းသားများအနက် အိုးဘိုအကျဉ်း ထောင်မှ အကျဉ်းသား ဆယ်ဦးကို အမှုတွဲ လက်ကျန်များကြောင့် ပြန်လည် ချုပ်နှောင်ထားကြောင်း အကျဉ်းဦးစီး ဌာနထံမှ သိရသည်။
11-Apr-2017
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပညာရေးနှင့် သုတေသန အဖွဲ့များတွင် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူများ အနေဖြင့် ပြင်သစ်နိုင်ငံ၊ ကုလသမဂ္ဂ တက္ကသိုလ်ပါမောက္ခချုပ် ရာထူးနေရာအတွက် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားကာ ယင်းတက္ကသိုလ်ဝက်ဆိုက်သို့ အမည်စာရင်း တိုက်ရိုက်တင်သွင်း လျှောက်ထားနိုင်ကြောင်း
10-Apr-2017
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ခြံဝန်းတစ်ခုအတွင်း ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၁၁ နာရီက သံချောင်းများကို ကျောက်တိုက်စက်ဖြင့် ပွတ်တိုက်ရာမှ မီးပွားများ လွင့်စင်ကာ မီးလောင်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
09-Apr-2017
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ရွှေလောင်းညွှန့်ရပ်ကွက်၊ ဇာတိမာန်လူငယ် စာဖတ်အသင်းက ဖွင့်လှစ်သော နွေရာသီ အခမဲ့ သင်တန်းဆင်းပွဲကို ဧပြီလ ၈ ရက်က ပြုလုပ်ပြီး သင်တန်းသား ၂၀၇ ဦးကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ချီး မြှင့်ခဲ့ကြောင်း ယင်းအသင်း တာဝန်ရှိသူ စာရေးဆရာ နောင်ရူပက ပြောကြားသည်။
09-Apr-2017
မန္တလေးမြို့မှ တရုတ်နယ်စပ်သို့ ကုန်များတင်ပို့သည့် ကားများ ပြေးဆွဲခြင်း မရှိသော်လည်း ပဲဝယ်လိုအား ကျဆင်းခြင်း မရှိကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ စုံစမ်းသိရသည်။
08-Apr-2017
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆိုင်ခန်းခွန် ငါးဆတိုးမြှင့်ကောက်ခံမှုကြောင့် ဈေးသူဈေးသား ငါးရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ပြုလုပ်သော ဈေးသူဈေးသားများထံမှ သိရသည်။
08-Apr-2017
သြင်္ကန်ကာလတွင် မန္တလေး ၇ မိုင်ကမ်းခြေကို အရက်ဘီယာ ကင်းမဲ့ဇုန်ကမ်းခြေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၇ မိုင် ကမ်းခြေ အပန်းဖြေစခန်းထံမှ စုံစမ်း သိရှိရသည်။