News

07-May-2017
မြန်မာနိုင်ငံထွက် သရက်သီးများကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရာတွင် ယခင်က တရုတ်နိုင်ငံထုတ် ပလတ်စတစ်ခြင်းများကို အသုံးပြုနေရာမှ ယခုအခါ ပြည်တွင်းထုတ် ပလတ်စတစ်ခြင်းများကို စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း ခွာညို သရက်သီးခြင်း စက်ရုံနှင့် သရက်စိုက် တောင်သူများထံမှ သိရသည်။
07-May-2017
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ စီမံကိန်းလုပ်ငန်းများ၊ စီမံကိန်း မြေနေရာများကို ဝင်ရောက်ဟန့်တားခြင်း၊ ဖျက်ဆီးခြင်း မပြုလုပ်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၄ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။
07-May-2017
ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ဖြစ်သည့် ပုဂံဒေသကို ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ပြင်ဆင်လျက်ရှိရာ နှောင့်နှေးကြန့်ကြာနေမည် ဆိုလျှင် အမျိုးသားဂုဏ်သိက္ခာဆိုင်ရာ အခွင့်အရေး ဆုံးရှုံးသွားနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။
05-May-2017
မန္တလေးမြို့တော် ကုန်စိမ်းဈေးကွက်အတွင်း သံပရိုသီးဈေးနှုန်း ကျဆင်းနေသောကြောင့် သံပရိုသီး စိုက်တောင်သူများ အနေနှင့် ယင်းအပင်များကို အခင်းလိုက် ခုတ်လှဲနေခြင်းများ ရှိနေကြောင်း မန္တလေးတိုင်း ရှောက်၊ သံပရာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ထံမှ သိရသည်။
04-May-2017
မန္တလေးတိုင်းအတွင်း ယခုနှစ် နွေရာသီ မီးမပြတ်နိုင်တော့ကြောင်း မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်းထံမှ သိရှိရသည်။
04-May-2017
မန္တလေးမြို့တော်ရှိ မဟာမုနိဘုရား အပါအဝင် လူသိများသော ဘုရားသုံးဆူကို ဆေးလိပ်မသောက်ရနယ်မြေ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
01-May-2017
နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက် ပျံသန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
01-May-2017
မန္တလေးတိုင်းအတွင်းရှိ အချို့နေရာများတွင် တရုတ်နိုင်ငံသားများကိုယ်တိုင် ဆန်ကို တိုက်ရိုက်ဝယ်ယူမှုများ ရှိနေကြောင်း မန္တလေးတိုင်း ဆန်စပါးကုန်သည်များ အသင်းထံမှ သိရသည်။
28-Apr-2017
နည်းပညာတက္ကသိုလ်ကျောင်းများ၊ ကျောင်းသားများ၏ လိုအပ်ချက်များကို တောင်းဆိုနိုင်ရန် ပညာရေးဝန်ကြီးနှင့် တွေ့ခွင့်ရရန် စီစဉ်နေကြောင်း နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂများ ကွန်ရက်ထံမှ သိရသည်။
26-Apr-2017
မန္တလေးမြို့တော်နှင့် ၂၃ မိုင်အကွာတွင်ရှိပြီး ယခုနှစ်အတွင်း လူသိများလာသော ခုနစ်မိုင်အပန်းဖြေ ကမ်းခြေစခန်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
25-Apr-2017
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းမှ တိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်း ဧပြီလ ၂၄ ရက်နေ့ညက ဖောက်ထွင်းခံခဲ့ရကြောင်း ယင်းဝန်ကြီးထံမှ သိရသည်။
24-Apr-2017
မန္တလေးမြို့ပေါ် ရပ်ကွက်၂၂ ခုသည် မီးဘေးအန္တရာယ်ရှိသော ရပ်ကွက်များဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းနိုင်က ပြောကြားသည်။
24-Apr-2017
မြန်မာဘုရင် သီပေါမင်း ပါတော်မူခဲ့သည့် ၁၈၈၅ ခုနှစ်က အင်္ဂလိပ်တို့ သိမ်းယူသွားသည့် နန်းတွင်း ရတနာပစ္စည်းများ စာရင်းကို လန်ဒန်မြို့ရှိ ရှေ့နေများ၏ အကူအညီဖြင့် စာရင်းပြုစုရန် ပြင်ဆင်နေကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။
23-Apr-2017
လူသတ်မှုနှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေးအတွက် ဘာသာပေါင်းစုံ လူငယ်များ၊ သေဆုံးသူ၏ မိသားစုဝင်များနှင့် ဒေသခံများက တောင်းဆိုရခြင်းဖြစ်ကြောင်း၊ ဆုတောင်းပွဲတွင် သေဆုံးသူ ဇော်မင်းဦး ကောင်းရာသုဂတိလားပါစေ၊ သေဆုံးသူ ဇော်မျိုးဦးအတွက် တရားမျှတမှု ရရှိပါစေ စသည့်ဗီနိုင်းများ၊ ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ အမှုမှန် ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
23-Apr-2017
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအောင်ချက် ယမန်နှစ်ထက် ပိုမိုမြင့်မားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။