News

25-Sep-2017
ပြည်သူ့အကျိုးစီးပွားကို အခြေခံသည့်အနေနှင့် အခြေခံဥပဒေ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို တပ်မတော်ဘက်က လက်ခံဆောင်ရွက်ပေးရန် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်) က တိုက်တွန်းလိုက်သည်။
25-Sep-2017
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် ရေပေးဝေရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြင်သစ်နိုင်ငံ၏ ချေးငွေဖြင့် အဆင့်မြှင့်တင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန ရေဖြန့်ဖြူးရေးဌာနခွဲ ဌာနမှူး ဦးခင်မောင်သင်းက ပြောကြားသည်။
25-Sep-2017
မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ရှိ မြို့သာ စက်မှုမြို့တော်စီမံကိန်းကို အကောင် အထည်ဖော်လျက်ရှိရာ တရုတ်ကုမ္ပဏီ တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၃၉၀ ရင်းနှီးမြှုပ်နှံထားကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။
24-Sep-2017
အင်္ဂလန်နိုင်ငံ Grammar Production က ရိုက်ကူးထားသော မြန်မာဘုရင့်အနွယ်တော်များအကြောင်း မှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံတွင် ပြသနိုင်ရန် စီစဉ်နေကြောင်း သီပေါမင်း၏ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောကြားသည်။
24-Sep-2017
မန္တလေးတိုင်း အပါအဝင် မြန်မာပြည် အထက်ပိုင်းရှိ မြို့နယ်များတွင် ၂၀၁၇ ခုနှစ်၏ ရှစ်လတာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၁၂၀ဝ ကျော် သေဆုံးခဲ့ကြောင်း အမှတ် ၃ ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (မန္တလေး) ၏ စာရင်းများအရ သိရသည်။
23-Sep-2017
မန္တလေးမြို့တော် ကားဈေးကွက် စက်တင်ဘာလအတွင်း ကားဈေးကျနေသော်လည်း အရောင်းအဝယ်အေးနေကြောင်း မန္တလေးမြို့ခံ မော်တော်ယာဉ် အရောင်းအဝယ် အကျိုးဆောင်များထံမှ သိရသည်။
22-Sep-2017
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ငါးခုအတွင်း စည်ပင်သာယာရေးကော်မတီက ဖြန့်ဖြူးနေသော ရေမီတာ အသုံးပြုခများကို အောက်တိုဘာလဆန်းပိုင်းမှစ၍ လစဉ် ကောက်ခံမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ဌာနမှူး ဦးဝင်းမောင်က ပြောကြားသည်။
21-Sep-2017
မန္တလေးမြို့တော်ရှိ ဇာတိမာန် လူငယ်စာဖတ်အသင်းက ဦးဆောင်ကာ သီတင်းကျွတ်ကာလ ကလေးပန်းချီ ကာတွန်းမီးပုံးပြပွဲ ပြိုင်ပွဲတစ်ရပ် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
21-Sep-2017
မြန်မာနိုင်ငံ ဒေသအနှံ့ သောက်သုံးနေသော ဆေးပေါ့လိပ် အထုပ်များပေါ်တွင် အခွန်အမှတ်တံဆိပ်များ ကပ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
20-Sep-2017
အစိုးရကိုဆန့်ကျင်သည့် သပိတ်စခန်းဖွင့်မှုနှင့်ပတ်သက်၍ သံဃာတော်များနှင့် လူအချို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသော ခရိုင်သာသနာရေး ဦးစီးမှူး ဦးတင်မောင်အေးကို ချမ်းမြသာစည် မြို့နယ်တရားရုံးက စက်တင်ဘာလ ၂၀ ရက်နေ့က ဒုတိယအကြိမ် ထပ်မံ စစ်ဆေးခဲ့သည်။
20-Sep-2017
မြန်မာ့မျိုးရင်းရှားပါးလိပ်မျိုးစိတ်များဖြစ်သည့် ကြယ်လိပ်၊ တိုက်လိပ်၊ အနာပျော့လိပ်များ မျိုးသုဉ်းမပျောက်ကွယ်ရေးအတွက် နှစ် ၃၀ ခန့် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ စိတ်အေးရမည်ဖြစ်ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာက ပြောကြားသည်။
20-Sep-2017
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့်ဘုရားများကို ပြုပြင်မှုများ ပြုလုပ်နိုင်ရန် အိန္ဒိယ နိုင်ငံမှပညာရှင်များ လာရောက် လေ့လာလျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) ထံမှ သိရသည်။
20-Sep-2017
မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းသို့ ပြေးဆွဲလျက်ရှိသော အဝေးပြေးကုန်တင်ယာဉ်များ အနေနှင့် ကုန်စည် ရရှိမှုနည်း၍ ယာဉ်အများစု ရပ်နားထားရကြောင်း မန္တလေးမြို့တော်ရှိ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဂိတ်များထံမှ သိရသည်။
19-Sep-2017
မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ တရားမဝင် ရောင်းချနေမှုများကို ဖမ်းဆီးလျက် ရှိသော်လည်း ဖမ်းဆီးရမိမှု မရှိဘဲ လွတ်မြောက်သွားသည်မှာ ဖမ်းဆီးရမိမှုထက် နှစ်ဆကျော်ရှိနိုင်ကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
18-Sep-2017
ငလျင်ဒဏ် အကြိမ်ကြိမ် ခံစားခဲ့ရသည့် ရတနာစေတီဆင်များရှင်ဘုရားကို သီတဂူဆရာတော် ဦးဆောင်မှုဖြင့် ကျပ်သိန်း တစ်သောင်းခန့် အကုန်အကျခံကာ အကြီးစား ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။