News

05-Jan-2017
နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ဦးဇော်မင်းထွေး၊ ဦးအေရာမန်း၊ ဦးမြင့်သိန်းနှင့် ဦးခင်မောင်ရွှေတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
03-Jan-2017
မန္တလေးမြို့တော်ရှိ ရတနာပုံ ဆူပါစင်တာ ဒုတိယထပ်တွင် ဖွင့်လှစ်မည့် Mandalay Yatanar Mall တွင် ကျောက်မျက် ရတနာ အတု၊ အစစ် ခွဲခြား စစ်ဆေးနိုင်မည့်အပြင် ကျောက်မျက် ရတနာများကို ထိန်းသိမ်း ထားနိုင်မည့် အာမခံ သေတ္တာ (Locker) များလည်း ပါဝင်မည်ဖြစ်ကြောင်း Relax Business Goup မှ ဒါရိုက်တာ ဦးဇော်မင်းက ပြောကြားသည်။
29-Dec-2016
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ ဆရာတော် အရှင်ဒေါက်တာ ဉာဏိဿရ ဆရာတော် အနေနှင့် သက်တော် ၈ဝ ပြည့် မွေးနေ့မှစ၍ နယ်ဝေး တရားပွဲများကို လက်မခံတော့ကြောင်း ယင်းဗုဒ္ဓ တက္ကသိုလ်ထံမှ သိရသည်။
28-Dec-2016
မန္တလေးမြို့ပေါ်၌ နှစ်သစ်ကူးည (ဒီဇင်ဘာလ ၃၁ ရက်) တွင် အရေးပေါ် လူနာဌာန ဖွင့်ထားပေးမည်ဖြစ်ပြီး ဆေး ကုသမှု ပေးနိုင်ရန် ဆရာဝန် ၃ဝ ဦးနှင့် သူနာပြု ၄ဝ ဦး တာဝန် ချထားကြောင်း မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး ဆေး လူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။
25-Dec-2016
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ရှိနေသော ဘုရားများနှင့် လမ်းများကို ဖုံးအုပ်နေသည့် ချုံနွယ်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။
25-Dec-2016
ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူး နေ့မြတ် တစ်ခုဖြစ်သော ခရစ္စမတ်နေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့) ညပိုင်းတွင် မန္တလေး ခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် အင်အား၏ ထက်ဝက်ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်
24-Dec-2016
မန္တလေးမြို့ မန္တလေးတောင် ပန်းချီ ပြခန်း၌ ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ကာလာကင်ဆာဟု အမည်ပေးထားသောပန်းချီနှင့် ကဗျာ+ပန်းချီ အနုပညာပြပွဲကို ပထမဆုံးအကြိမ် ပြသလျက်ရှိရာ ပန်းချီကားရောင်းရ ငွေများကို မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်းမည်
23-Dec-2016
မန္တလေးမြို့တော် အတွင်းရှိ လောင်းကစားဒိုင်များကို ဖမ်းဆီးရာတွင် သတင်းပေါက်ကြားမှုများကြောင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
21-Dec-2016
မန္တလေး ဘူတာကြီးရှေ့ ဖျက်သိမ်းခဲ့သော အဝိုင်းပတ်နေရာတွင် အဆင့်မြင့် ဆင်ဆာမီးပွိုင့် တပ်ဆင်ရန် လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန အင်ဂျင်နီယာဌာနစုထံမှ သိရသည်။
21-Dec-2016
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြား ဌာနဆိုင်ရာများ၏ ထုတ်ပြန်ချက်များ၊ ဝန်ဆောင်မှုများကို ဆက်သွယ်မေးမြန်းနိုင်မည့် မန္တလေး Hotline 1882 ဝန်ဆောင်မှု ဖွင့်လှစ်ပွဲကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက အဆိုပါ call center ရှိရာ သီရိမန္တလာဈေးတွင် ပြုလုပ်ခဲ့သည်
20-Dec-2016
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဖြစ်သော သီပေါမင်း၏ အနွယ်တော်များ ဦးဆောင်၍ အများပြည်သူ ပါဝင်နိုင်မည့် အများပိုင် ကုမ္ပဏီတစ်ခုကို ၂၀၁၇ ခုနှစ်အတွင်း တည်ထောင်မည် ဖြစ်ကြောင်း သီပေါမင်း၏ အနွယ်တော်များထံမှ သိရသည်။
19-Dec-2016
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဖြစ်သော သီပေါမင်း၏ အနွယ်တော်များ ဦးဆောင်၍ အများပြည်သူ ပါဝင်နိုင်မည့် အများပိုင် ကုမ္ပဏီ တစ်ခုကို ၂ဝ၁၇ ခုနှစ်အတွင်း တည်ထောင်မည်
18-Dec-2016
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ယင်းပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချ သွားမည်ဖြစ်သည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီအနီဖာအာမန်က ပြောကြား
17-Dec-2016
ကျေးဇူးတော်ရှင် မင်းကွန်းဆရာ တော်ဘုရားကြီး သီတင်း သုံးတော်မူခဲ့သော မင်းကွန်းတောင်ရိုး တိပိဋက-ဓမ္မ နာဒပရိယတ္တိ စာသင်တိုက် အတွင်းရှိ ပိဋကတ်ကျောင်းဆောင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက မီးလောင်ကျွမ်းခဲ့သော်လည်း ဗုဒ္ဓဝင်ပြတိုက် မီးလောင်ကျွမ်းခဲ့ခြင်း မရှိသောကြောင့် ဆရာတော်ကြီး၏ အသုံးအဆောင်များနှင့် ဆရာတော်ကြီး စုဆောင်းခဲ့သော သမိုင်းမှတ်တမ်းများ မီးလောင်ဆုံးရှုံးခြင်း မရှိကြောင်း ယင်း ကျောင်းတိုက် နာယက ဆရာတော်များက မိန့်ကြားသည်။