News

04-Jul-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်လိုက်၍ ရာထူးနေရာ ရရှိသွားသူများ အနေနှင့် ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လျစ်လျူရှုမှုများ တွေ့နေရကြောင်း အဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
04-Jul-2017
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် နေထိုင်သော ၁၂ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသားတစ်ဦးကို မြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက် နေ့တွင် ဝရမ်းထုတ်ကာ ဆင့်ခေါ်ခဲ့ကြောင်း ယင်းကျောင်းသား မိသားစုဝင်များထံမှ သိရသည်။
03-Jul-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဝန်ကြီးများနှင့် ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးအပ်ရာ၌ ၉၉ ရာခိုင်နှုန်း မှန်ကန်ကြောင်း ယင်းအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
30-Jun-2017
ပုဂံဒေသကို အခြေတည် ရိုက်ကူးထားသည့် ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို တရားစွဲဆိုထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရှိရသည်။
30-Jun-2017
ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများကိုယ်စား ဒေသခံ ရွာသားများထံမှ လာဘ်ငွေ ရယူပေးခဲ့ရသော ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို တရားလိုပြသက်သေအဖြစ် ဇွန်လ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း တရားရုံးက စစ်ဆေးခဲ့သည်။
28-Jun-2017
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဂါရဝ ဖြစ်စေသည့် အပြုအမူများ မပြုလုပ်ကြရန် သတိပေး ဆိုင်းဘုတ်များ ထပ်မံ စိုက်ထူမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
28-Jun-2017
အလုပ်သမား အရေးကိစ္စဆောင်ရွက်စဉ် စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနှင်းအောင်ကို ယင်းမြို့နယ် တရားရုံးက ဇွန်လ ၂၇ ရက်နေ့တွင် ဒဏ်ထောင်နှစ်လ ချမှတ်ခဲ့သည်။
27-Jun-2017
ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
26-Jun-2017
ချမ်းမြသာစည်မြို့နယ်ရှိ အိမ်တစ်အိမ်၏တံခါးများနှင့် နေအိမ်အဆောက်အအုံများကို လူတစ်စုက ကားဖြင့် ဝင်တိုက်ခြင်း၊ တုတ်၊ ဓားများဖြင့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန်က ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ယင်းသို့ပြုလုပ်ခြင်းခံရသည့် မိသားစုများထံမှ သိရသည်။
25-Jun-2017
မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများကို ဧည့်သည် ဝင်ရောက်မှု မြင့်တက်ရန် သမိုင်းကြောင်း ဆိုင်ရာဒေသ (Historical Park) တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTF ထံမှ သိရသည်။
25-Jun-2017
မန္တလေးတိုင်းအတွင်းရှိ ရွှေဆိုင်များကို ရွှေအရောင်းပြေစာများတွင် ရွှေ အခွန်အမှတ် တံဆိပ်များ ကပ်ရန် ညွန်ကြားထားပြီးဖြစ်ရာ လိုက်နာခြင်း မရှိသည့်ဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန် ဦးစီးဌာနထံမှ သိရသည်။
25-Jun-2017
မန္တလေးမြို့တော်၏ ရတနာပုံညဈေးကို ဇွန်လ ၂၃ ရက်နေ့က စတင်၍ စမ်းသပ်ဖွင့်လှစ်ခဲ့ရာ အဆိုပါ ညဈေးတွင် ရောင်းချသည့် စားသောက်ကုန်များမှာ ဈေးနှုန်းကြီးခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီမှု အားနည်းခြင်း၊ ခရီးကွာဝေးခြင်းတို့ကြောင့် ဒေသခံများက ဝေဖန်ခဲ့ကြသည်။
25-Jun-2017
ပြီးခဲ့သော ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူများ၏ အမှတ်စာရင်းများကို ရွေ့လျားအဖွဲ့က မန္တလေးမြို့တော်၌ ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
24-Jun-2017
တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများ အပိတ်ခံခဲ့ရသည့် မြန်မာကုန်သည်များက ဆန္ဒထုတ်ဖော်ပြီးနောက်တွင် တရုတ်အစိုးရက ဘဏ်စာရင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံမှ သိ ရသည်။
23-Jun-2017
မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရသော ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မန်ကျည်းအင်း ကျေးရွာသားများအကြား လာဘ်ပေးလဘ်ယူ ကိစ္စများနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်းကို စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်နှင့် တိုင်ကြားသူတို့အကြား ကွဲလွဲနေကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။