News

09-Feb-2017
နိုင်ငံခြားသား ဧည့်သည်တစ်ဦး ပါဝင်သည့် နာမည်ကျော် ပန်းချီဆရာများ၏ သီးသန့်ပန်းချီပြပွဲကို မန္တလေးတောင်ခြေရှိ မန္တလေးတောင် ပန်းချီပြခန်း၌ ဖေဖော်ဝါရီလ ၁ဝ ရက်မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း ပြပွဲဝင် ပန်းချီဆရာများထံမှ သိရသည်။
09-Feb-2017
ချစ်သူများနေ့အကြို လူထုအသိပညာပေး လှုပ်ရှားမှုကို မန္တလေးမြို့ပေါ်၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သည့် United Women အဖွဲ့ထံမှ သိရသည်။
08-Feb-2017
မန္တလေးတိုင်းအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခြင်းအတွက် ကျသင့်အခွန်များကို ဝယ်ယူသူများက ထမ်းဆောင်နေသော်လည်း အိမ်၊ ခြံ မြေ ရောင်းချသူများအနက် ၉၀ ရာခိုင်နှုန်းခန့်မှာ အခွန် မဆောင်ကြကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။
04-Feb-2017
မန္တလေးမြို့တော်ရှိ သုဓမ္မာဇရပ်တန်းကို ကျပ်သိန်း ၁၀ဝ၀ မှ ၁၂၀ဝ အကြား အသုံးပြု၍ သံပန်းတံခါးများ ကာရံကာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ကျောက်တော်ကြီး ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
30-Jan-2017
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အဆင်ပြေစေနိုင်ရေးအတွက် လုပ်ဆောင်နေသည့် လူထုခေါင်းဆောင်၏ လုပ်ဆောင်ချက်များကို ဝန်းရံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲက ပြောကြားသည်။
30-Jan-2017
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစ၍ တစ်ရက်လျှင် တစ်ထောင်ကျပ်နှုန်းခန့်ဖြင့် ကျွေးမွေးနိုင်ရန် စီစဉ်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
28-Jan-2017
ပညာရေး ဝန်ကြီးဌာနအောက်ရှိ ပညာရေးကောလိပ်များက ဆရာဖြစ် သင်တန်းသားများ ခေါ်ယူရာတွင် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ သင်တန်းတက်ခွင့်ရရန် ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
27-Jan-2017
မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ငါးမိုင်ကျေးရွာတွင် တရားမဝင် ရွှေသတ္တု တူးဖော်နေမှုများကို အရေးယူပေးရန် ဆန္ဒပြတောင်းဆိုနေသူများသည် နိုင်ငံတော် သမ္မတနှင့် စာပေပွဲတော်တွင် တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း တွေ့ခွင့် မရခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။
27-Jan-2017
မြန်မာ့ကလေးစာပေ၏ မီးရှူးတန်ဆောင်များဖြစ်သည့် ကဗျာဆရာကြီး မင်းသုဝဏ်နှင့် ကဗျာဆရာကြီး တင်မိုးတို့၏ ကလေးကဗျာများကို သင်ရိုးညွှန်းတမ်းအတွင်း ပြန်လည် ထည့်သွင်းနိုင်ရန် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားသည်။
27-Jan-2017
မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေး စနစ်များကို အစိုးရသစ် လက်ထက်တွင် မြှင့်တင်ပေးရန် လိုကြောင်း ဖောင်တော်ဦး ဆရာတော် ဘဒ္ဒန္တနာယကက တိုက်တွန်းပြောကြားသည်။
26-Jan-2017
မန္တလေးတိုင်းဒေသကြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူးက သတင်းရယူနေသည့် သတင်းထောက်များကို ဇန်နဝါရီလ၂၆ ရက်နေ့က ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုသွားခဲ့သည်။
26-Jan-2017
မန္တလေးမြို့တော် အတွင်းရှိ ဒေသခံများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နေ့စဉ် ရေဖြန့်ဖြူးလျက် ရှိရာ အဆိုပါ နေအိမ်များကို ၂၄ နာရီပတ်လုံး ရေဖြန့်ဖြူးပေးဝေနိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယင်းကော်မတီရေနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။
24-Jan-2017
ချောက်ငလျင်ကြောင့် ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် ပုဂံယဉ်ကျေးမှု နယ်မြေရှိ ဘုရားများ ပြုပြင်ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံက နည်းပညာနှင့် ငွေကြေး အကူအညီများပေးမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
23-Jan-2017
ထိုင်သပိတ် ပြုလုပ်နေသော ပန်ဒါချည်မျှင် စက်ရုံအလုပ်သမားများအရေးကို ပြည်ထောင်စုအစိုးရက အပြီးသတ် ဖြေရှင်းပေးရန် အဆိုပါ အလုပ်သမားများက ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ပေါ်၌ ဒုတိယအကြိမ်မြောက် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။
22-Jan-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားလေးဆူ ဖူးမြော်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။