News

06-Mar-2019
မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ရောင်းချမည့် တောသင်္ကြန်ဈေးတန်းဆိုင်ခန်းများကို ဦးရာလူစနစ်ဖြင့် နေရာချပေးမည်ဖြစ်ကြောင်း ယင်းမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
05-Mar-2019
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာ အောင်ကိုသူ ကုမ္ပဏီရွှေအင်းတွင် လွန်ခဲ့သည့် တစ်လခန့်က အင်းရေလုံးပေါက်ပြီး တွင်းပိသေဆုံးခဲ့သူလုပ်သားငါးဦးလုံးမှ ကျန်ရှိသည့် လေးဦး၏ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း သေဆုံးသူများ၏ မိသားစုဝင်များထံမှ သိရသည်။
05-Mar-2019
မန္တလေးမြို့ အမှတ် ၇ ရဲစခန်းရှိ ဝန်ထမ်းသက်သာဆိုင်ခန်း ၈ ခန်းကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း ပင်မဌာနကြီး (က) အဆင့်က အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်းဥပဒေဖြင့် မတ်လ ၆ ရက်နေ့နောက်ဆုံးထား ဖယ်ရှားခိုင်းထားကြောင်း ယင်းဆိုင်ခန်းငှားရမ်းနေထိုင်သူများထံမှ သိရသည်။
04-Mar-2019
စံချိန်တင်မြင့်တက်ခဲ့သော ရွှေဈေးနှုန်းများသည် ဖေဖော်ဝါရီ ၂၀ မှ မတ်လ ၄ ရက်နေ့အထိ ၁၂ ရက်အတွင်း ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်းကျော်ပြန်လည်ကျဆင်းကြောင်း မန္တလေးမြို့ ရွှေဈေးကွက်အတွင်းမှ သိရသည်။
04-Mar-2019
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် မတ်လ ၄ ရက်နေ့က ဒေသခံအင်အား ၃၀၀ ခန့်ဖြင့် အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲပြုလုပ်ခဲ့သည်။
02-Mar-2019
ကျောက်စိမ်းသားအချောထည်များဖြင့် ဖန်တီးပြုလုပ်ထားသော တန်ဖိုးမြင့် ကျောက်စိမ်းပန်းပုကုတင် ၃ လုံးကို နေပြည်တော်ကျောက်မျက်ပြပွဲတွင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်(မန္တလေး)ထံမှ သိရသည်။
02-Mar-2019
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ဆန်ကို ပြင်ပပေါက်ဈေးထက်လျှော့၍ ရောင်းချပေးနေခြင်းကို မြို့နယ် ထပ်တိုးရောင်းပေးမည်ဖြစ်ကြောင်း ယင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
02-Mar-2019
မန္တလေးရတနာပုံနန်းတွင်းအရေးတော်ပုံအတွင်း စီရင်ဖျောက်ဖျက်ခြင်းခံခဲ့ရသည့် မင်းတုန်းမင်း၏ ဒုတိယမြောက်ဆောင်တော် မိဖုရားကြီး၊ သီရိသုဓမ္မာရာဇာဘွဲ့ခံ မက္ခရာမင်းသားနှင့် မင်းသား(၄၀) ကျော်တို့ကို ရည်စူးဆွမ်းကပ်လှူခြင်းနှင့် ဆုတောင်းမေတ္တာပို့အမျှဝေပွဲကို မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
01-Mar-2019
အဂတိလိုက်စားသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က မူလက စွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့်ပင် စွဲချက်တင်လိုက်သည်။
01-Mar-2019
ပြည်သူများ ရုံးကြောက်ရောဂါ ကင်းရှင်းပပျောက်စေရန် ယခုထက်ပိုမိုကောင်းမွန်သည့် မည်သို့သော အစီအစဉ်များဖြင့် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း အမရပူရမြို့နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော် ၁၂ ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
28-Feb-2019
ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် နေအိမ်တစ်အိမ်တွင် မိလ္လာဆယ်ယူစဉ် လုပ်သားတစ်ဦး အောက်ဆီဂျင် ပြတ်လပ်သည့်အတွက် ဆင်းဆယ်သည့် လုပ်သားလေးဦးပါ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
28-Feb-2019
မန္တလေးမြို့ နိုင်ငံတော်ဓမ္မကထိက ရွှေဆံနွယ်ဆရာတော် တည်ထောင်ထားသည့် ရွှေဆံနွယ်စရိတ်ငြိမ်း ပညာရေးအထက်တန်းကျောင်းက နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများကို လာမည့်ပညာသင်နှစ်အတွက် ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း ယင်းကျောင်းထံမှ သိရသည်။
26-Feb-2019
မန္တလေးမြို့တော်စည်ပင်၏ စီမံခန့်ခွဲရေးပြစ်ဒဏ်ကြေးသည် ဥပဒေအင်္ဂါရပ်နှင့်မညီ၍ ပြန်ပြင်ရန် ဖေဖော်ဝါရီ ၂၆ ရက်နေ့ တိုင်းလွှတ်တော်တွင် ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က တင်သွင်းခဲ့ရာ ယင်းအဆိုကို ဖေဖော်ဝါရီ ၂၈ ရက်တွင်ဆွေးနွေးရန် လွှတ်တော်က အတည်ပြုခဲ့သည်။
26-Feb-2019
Mandalay Promotion Show နှင့် ဘန်ကောက်အစားအစာညဈေးဖွင့်လှစ်ရောင်းချပွဲကို မန္တလေးမြို့တော် ခန်းမတွင် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယင်းပွဲကိုစီစဉ်သည့် Winner(Economic Enterprise Services)ကုမ္ပဏီထံမှ သိရသည်။
25-Feb-2019
ပြင်ဦးလွင်မြို့နယ် နောင်ခမ်းကြီးကျေးရွာ နေအိမ်တစ်အိမ်မှ အမျိုးသမီးကို တူမီးသေနတ်ဖြင့်ထောက်၍ ရွှေနှင့်ငွေများ ယူသွားပြီးနောက် နောက်တစ်အိမ်သို့ ဝင်ရောက်ပြီး အိမ်ရှင်အမျိုးသားကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသား ၉ ဦးကို ဓားပြတိုက်မှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက အမှုဖွင့်လိုက်ကြောင်