News

POST TYPE

MANDALAY

ပုဂံရှေးဟောင်းနယ်မြေတွင် အဂါရဝ အပြုအမူမလုပ်ရန် သတိပေးဆိုင်းဘုတ်များ ထပ်စိုက်မည်
28-Jun-2017

မန္တလေး၊ ဇွန် ၂၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဂါရဝ ဖြစ်စေသည့် အပြုအမူများ မပြုလုပ်ကြရန် သတိပေး ဆိုင်းဘုတ်များ ထပ်မံ စိုက်ထူမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းအပြုအမူများကို နိုင်ငံခြားသား ခရီးသွားများ အများဆုံး လုပ်လေ့ရှိသည့်အတွက် ဆောင်ရန်၊ ရှောင်ရန်များ ရေးသားထားသော အဆိုပါဆိုင်းဘုတ်များကို နိုင်ငံခြားသားများ အများဆုံးလာရောက်သည့် ဘုရားစေတီများအနီးတွင် စိုက်ထူမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို ရှေးဟောင်းသုတေသန ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

လက်ရှိတွင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ လူစည်ကာရာ နေရာများ၊ ဘုရားအများစု ရှိသည့်နေရာများနှင့် ခရီးသွား လာရောက်မှုများသည့် နေရာများတွင် အဂါရဝဖြစ်စေသည့် အပြုအမူများ မပြုလုပ်ကြရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို မဖျက်ဆီးကြရန် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ ရေးထိုးထားသည့် ဆိုင်းဘုတ် ၄၂ ခု မတ်လအတွင်းက စိုက်ထူထားပြီးဖြစ်သည်။

M-05


  • VIA