News

POST TYPE

MANDALAY

တရုတ်နိုင်ငံရှိ ဘဏ်များတွင် စာရင်းအပိတ်ခံရသည့် ကုန်သည်အချို့၏ ဘဏ်စာရင်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပြု
24-Jun-2017
မန္တလေး၊ ဇွန် ၂၄

တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများ အပိတ်ခံခဲ့ရသည့် မြန်မာကုန်သည်များက ဆန္ဒထုတ်ဖော်ပြီးနောက်တွင် တရုတ်အစိုးရက ဘဏ်စာရင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံမှ သိ ရသည်။

ဆန္ဒပြတဲ့ အတွက်လည်း ပါမယ်လို့ ထင်ပါတယ်။ ဒီဘက်မှာကလည်း လှုပ်ရှားမှုတွေ အမျိုးမျိုး လုပ်နေကြတဲ့ အချိန် ဒီနေ့မှာပဲ ဘဏ်အကောင့်တွေ ပြန်ဖွင့်ပေးလိုက်တယ် ဆိုတာ သိရပါတယ်” ဟု မူဆယ်မြို့ ကုန်သည်များအသင်းမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးစိုင်းခင်မောင်က ပြောကြားသည်။

တရုတ်ဘဏ်များကို ဘဏ်စာရင်းဖွင့်စဉ်က ပေးထားသည့် ဖုန်းနံပတ်များသို့ ဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စာတိုများ (မက်စေ့) ဝင်လာခဲ့ကြောင်း ကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံအစိုးရက နိုင်ငံအတွင်း ဖွင့်ထားသည့် ဘဏ်စာရင်း တစ်ထောင်ကျော်ကို ဇွန်လ ၁၅ ရက်နေ့က ပိတ်သိမ်းခဲ့ရာ မြန်မာကုန်သည် ၃၀၀ နီးပါး၏ စာရင်းများလည်း ပါဝင်ခဲ့ကြောင်း မူဆယ်ကုန်သည်အသင်းထံမှ သိရသည်။

တရုတ်ဘဏ်များတွင် စာရင်းအပိတ်ခံရသည့် ကုန်သည်များက ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မူဆယ်မြို့တွင်းမှ တရုတ်-မြန်မာနယ်စပ် (နန်းတော်ဂိတ်) အထိ ချီတက်လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ယင်းကုန်သည်များထံမှ သိရသည်။

M-04