News

POST TYPE

MANDALAY

အဘိုးအဘွားများ အပူဒဏ်သက်သာစေရန် ဆေးဝါးနှင့်အစားအသောက်များ ထောက်ပံ့
15-May-2017 tagged as မန္တလေး


မန္တလေး၊ မေ ၁၄

မန္တလေးမြို့တော်အတွင်း နေ့ အပူချိန်များ မြင့်တက်နေသောကြောင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို အပူဒဏ် သက်သာစေမည့် အစားအသောက်များနှင့် ဆေးဝါးများ ကူညီ ထောက်ပံ့မှု အစီအစဉ်ကို မေလ ၁၃ ရက်နေ့က စတင် လုပ်ဆောင်နေကြောင်း မနောကြာဖြူ သွေးလှူရှင်နှင့် ပရဟိတ အသင်းထံမှ သိရသည်။

ယင်းသို့ ဆေးဝါးနှင့် အစားအသောက်များ လှူဒါန်းရာတွင် ကျူးကျော်ရပ်ကွက်များအတွင်း နေထိုင်သည့် အဘိုးအဘွားများ၊ အိမ်ငှား နေထိုင်ရသည့် အဘိုးအဘွားများ၊ နွမ်းပါးသည့်အဘိုး အဘွားများကို ရွေးချယ် လှူဒါန်းနေခြင်းဖြစ်ရာ ယင်းအစီအစဉ် စတင်သည့် မေလ ၁၃ ရက်နေ့တွင် ၁၀ ဦး၊ မေလ ၁၄ ရက်နေ့တွင် ၁၁ ဦးအတွက် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ အပူဒဏ် သက်သာချိန်အထိ ဘိုးဘွားများကို ရှာဖွေလှူဒါန်းပေးမည်ဖြစ်ကြောင်း မနောကြာဖြူ သွေးလှူရှင်နှင့်  ပရဟိတအသင်း အတွင်းရေးမှူးဦးစိုးက ပြောကြားသည်။

ယင်းသို့ လှူဒါန်းရာတွင် အပူဒဏ် သက်သာစေမည့် အစားအသောက်များနှင့် ဆေးဝါးပစ္စည်းငါးမျိုး လှူဒါန်းပေးခြင်းဖြစ်ရာ အပူဒဏ် ခံစားနေရသည့် သက်ကြီးရွယ်အို အဘိုးအဘွားများ ရှာဖွေရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး ဆောင်ရွက်နေသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေခြင်းဖြစ်သည်။

M-05