News

POST TYPE

MANDALAY

စက်ဘီး/ဆိုင်ကယ်အပ်ခ ပိုကောက်ပါက ကျပ်သုံးသိန်း ထပ်မံဒဏ်ရိုက်မည်
15-Apr-2017

မန္တလေး၊ ဧပြီ ၁၅ 

မဟာသင်္ကြန်ကာလအတွင်း မန္တလေးမြို့တော်၌ စက်ဘီး/ဆိုင်ကယ် အပ်နှံခွင့် လုပ်ကိုင်ခွင့် ရရှိသူများသည် သတ်မှတ်နှုန်း ကျပ် ၅၀၀ ထက် ပိုကောက်မှုရှိခဲ့ရာ ပထမအကြိမ် ဒဏ်ရိုက်ခဲ့ပြီး ထပ်မံကျူးလွန်ပါက ကျပ်သုံးသိန်း ထပ်မံဒဏ်ရိုက်မည် ဖြစ်ကြောင်း မန္တလေးမြို့တာ် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ယခင်ရက်များက သတ်မှတ်နှုန်းထားထက် ပို၍ တစ်စီးလျှင် ၁၀၀၀ ကျပ် ကောက်ခံနေသူ သုံးဦးကို ဧပြီလ ၁၅ ရက် (အကြတ်နေ့) နံနက်ပိုင်းက ပထမအကြိမ်အနေနှင့် တစ်ဦးလျှင် ဒဏ်ငွေ ကျပ်တစ်သိန်းစီ ဒဏ်ရိုက်အရေးယူခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ ဒဏ်ရိုက်ရေးယူခဲ့သော စက်ဘီး/ဆိုင်ကယ်အပ်နှံနေရာများမှာ ၇၄လမ်း၊ ၂၆ လမ်းနှင့် ၂၇လမ်းကြား။ ၇၅ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၈ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား နေရာများ ဖြစ်သည်။

မဟာသင်္ကြန်ကာလ လေးရက်တာအတွက် စက်ဘီးဆိုင်ကယ် အပ်နှံခ ကောက်ခံခွင့်ရသူများ အနေနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကျပ်နှစ်သိန်းသာ ပေးသွင်းရသည်။ 

M - 01