News

POST TYPE

MANDALAY

နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်းကျခံရသူများကို အခြားစွဲချက်များဖြင့် ထပ်မံရုံးထုတ်
05-Jan-2017 tagged as မန္တလေး

မန္တလေး၊ ဇန်နဝါရီ ၅

နိုင်ငံတော်ပုန်ကန်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ဦးဇော်မင်းထွေး၊ ဦးအေရာမန်း၊ ဦးမြင့်သိန်းနှင့် ဦးခင်မောင်ရွှေတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ 

အဆိုပါပုဒ်မဖြင့် စွဲဆိုရာတွင် ၎င်းတို့လေးဦးကို ဖမ်းဆီးခဲ့စဉ်က ပြဋ္ဌာန်းခဲ့သော ဥပဒေ မဟုတ်သဖြင့် စွဲဆိုရန် မသင့်ကြောင်း တိုင်းဒေသကြီးတရားရုံးသို့ တင်ပြထားသဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့သို့ ထပ်မံ၍ ရုံးချိန်းသတ်မှတ်ခဲ့သည်။ 

ဓာတ်ပုံ- မြတ် (ကလေး)