News

POST TYPE

MANDALAY

ပုဂံဒေသလုံခြုံရေး တပ်မတော် ပူးပေါင်းပါဝင်
14-Jun-2020
မန္တလေး၊ ဇွန် ၁၄

ကမ္ဘာ့အမွေအနှစ်စာရင်ဝင် ပုဂံရှေး၊ဟောင်းယဉ်ကျေးမှုနယ်မြေလုံခြုံရေးအတွက် တပ်မတော်နယ်မြေခံ တပ်ရင်းမှ ပူးပေါင်းဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပုဂံရှိဘုရားအချို့ ဌာပနာဖောက်ခံရခြင်းနှင့် လောကထိပ်ပန်ဘုရားရှိ ယင်းလိပ်တံခါး မီးရှို့ခံရခြင်းတို့ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချက်များကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် နယ်မြေခံတပ်ရင်း ခမရ ၄၁၅ မှပါ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေကြောင်း ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။

ဓတပ်ကလည်း လိုအပ်တာတွေထပ်ဖြည့်ပြီးတော့ ဆောင်ရွက်ပေးတာ။ လာကူပေးတဲ့သဘောပေါ့။ လုံခြုံရေးတိုးမြင့်ဆောင်ရွက်ဖို့ပေါ့။ လုံခြုံရေးကလည်း ရေရှည်ဆောင်ရွက်ရမှာဓဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ပုဂံဒေသလုံခြုံရေးအတွက် နယ်မြေခံတပ်ရင်း ခမရ ၄၁၅ မှ တပ်ခွဲတစ်ခွဲနှင့် ခရိုင်ရဲတပ်ဖွဲ့များ ပူးပေါင်း၊ဆောင်ရွက်နေကြောင်း၊ ယခင်ထက် လုံခြုံရေးထပ်မံတိုးမြှင့်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို လေးနေရာခွဲကာ အဖွဲ့လေးဖွဲ့ခွဲ၍ဆောင်ရွက်နေကြောင်း၊ ယခင်က တစ်ရက်လျှင် နှစ်ကြိမ် လှည့်ကင်း၊ပတ်ကင်းဆောင်ရွက်နေရာမှ လက်ရှိတွင် နေ့၊ည လေးကြိမ်ထပ်တိုး၍ လုံခြုံရေးတိုးမြှင့်ရန် စီမံထားကြောင်း၊ ဂေါပကရှိသောဘုရား ၁၉ ဆူမှ ဂေါပကအဖွဲ့များနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း မူလတာဝန်များအပြင် ဘုရားပရိဝုဏ်၏ ကိုက် ၁၀၀၀ ပတ်လည်အတွင်းရှိ ရှေးဟောင်းဘုရားများအား လုံခြုံရေးပူးတွဲ တာဝန်ယူရန်ညှိနှိုင်းဆုံးဖြတ်၍ ညွှန်ကြားထားကြောင်း ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဌာနထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဌာပနာဖောက်ခံရသည်ဟုယူဆရသည့်ဘုရား ၃၃ ဆူ အထိ ရှိနေပြီး ယင်းဘုရားများအနက်မှ ဘုရား ၁၂ ဆူသည် ဌာပနာဖောက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် (ပုဂံဌာနခွဲ)ထံမှသိရသည်။

Covid-19 ကြောင့် ပြည်တွင်း၊ပြည်ပခရီးသွားများမရှိချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းပစ္စည်းများကို ခိုးယူဖျက်ဆီးခြင်းများမခံရစေရန် ကင်းလှည့်သည့်လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘုရားလုံခြုံရေး နေ့စားဝန်ထမ်းများ၊ ပုဂံဧည့်လမ်းညွှန် အသင်းတို့ပူးပေါင်းကာ မေလဆန်းကစ၍ ကင်းလှည့်နေခဲ့ရာမှ ဘုရားဌာပနာအဖောက်ခံရသည်များကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပုဂံ ဘုရားအမှတ် ၁၅၅၄ အနီးတွင် ညစ်ညမ်းဇာတ်ကား ရိုက်ကူးပြီး ညစ်ညမ်း website Porn Hub ပေါ် လွှင့်တင်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးသည်။

ရတီ