News

POST TYPE

MANDALAY

မန္တလေးတိုင်းဝန်ကြီးချုပ်က ငွေကြေးတောင်းခံသည်ဟု အွန်လိုင်းပေါ်တွင် ရေးသားခဲ့သူကို ၆၆-ဃ ဖြင့် အမှုဖွင့်
25-May-2020

မန္တလေး၊ မေ၂၄ 

မန္တလေးတိုင်းဝန်ကြီးချုပ်က ငွေကြေးတောင်းခံခဲ့သည်ဟုဆိုကာ Facebook လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားခဲ့သော Shwe Thu Thukhin အကောင့် ပိုင်ရှင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်ထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ်-၁ နယ်မြေရဲစခန်းထံမှသိရသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး လက်ထောက်ညွန်ကြားရေးမှူးတစ်ဦးက တရားလိုလုပ်၍ မေလ ၂၃ ရက်နေ့က အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

Shwe Thu Thukhin အကောင့်ပိုင်ရှင်သည် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကဓမန္တလေးတိုင်းဝန်ကြီးချုပ်ကို ငါးကြိမ်တိတိ လူကိုယ်တိုင်သွားရောက်တင်ပြခဲ့သည်။ နေ့ချင်းပြီးလုပ်ပေးမယ်တဲ့ ကျပ်သိန်းတစ်ထောင် ပေးမလားမေးတယ်။ သမီးသူသူခင်က ဘယ်သူကိုမှ လာဘ်ငွေပေးမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်၊ ယနေ့အထိ တာဝန်ရှိပါလျက်နဲ့ တည်ဆဲဥပဒေနဲ့အညီ တိကျစွာ အရေးယူလုပ်မပေးပါ” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းကြောင့် အမှုဖွင့်တိုင်ကြားခံရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် Shwe Thu Thukhin အကောင့်ပိုင်ရှင်ကို မန္တလေး အောင်မြေ သာစံမြို့နယ် အမှတ်-၁ နယ်မြေရဲစခန်း က (ပ) ၈၁/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆-ဃ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရန် စုံစမ်းနေပြီဖြစ်ကြောင်း ယင်းရဲစခန်းထံမှသိရသည်။