News

POST TYPE

MANDALAY

တရုတ်အစိုးရက ကျပ်သိန်း ၃၇၀ဝ ကျော်တန်ဖိုးရှိ Covid-19 ရောဂါပိုး စစ်ဆေးစက်လှူဒါန်း
24-May-2020

မန္တလေး၊ မေ  ၂၃

မန္တလေးမြို့နှင့် အထက်မြန်မာနိုင်ငံတွင် အသုံးပြုရန် တရုတ်အစိုးရက ကျပ်သိန်း ၃၇၀ဝ ကျော်တန်ဖိုးရှိ Covid-19 ရောဂါပိုးစစ်ဆေးစက်တစ်လုံးကို မေလ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ လှူဒါန်းခဲ့သည်။

“မြန်မာနိုင်ငံမှာ Covid-19 ရောဂါကာကွယ်ထိန်းချုပ်လုပ်ငန်းတွေကို ထောက်ခံအားပေးဖို့ စမ်းသပ်စစ်ဆေးစက်ကို လှူ ဒါန်းရတာဖြစ်တယ်။ လာမယ့်တစ်ပတ်မှာလည်း တရုတ်ဆေးပညာရှင်များအဖွဲ့ဟာ ဒီကကျန်းမာရေးဝန်ထမ်းများကို သင်တန်း ပေးသွားမှာဖြစ်တယ်”ဟု မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Chen Chen (ဦးခင်စိန်) က ပြောကြားသည်။

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက် လက်ကူညီပေးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မန္တလေးမြို့တော်ရှိ ဓာတ်ခွဲခန်းတွင် တရုတ်နိုင်ငံမှလှူဒါန်းသော စက်တစ်စုံအပါအဝင် Covid-19 ရောဂါပိုးစမ်းသပ်စစ် ဆေးစက်နှစ်စုံရှိပြီဖြစ်၍ ယခင်ကထက် ပိုမိုစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေဝင့်ဝါက ပြောကြားသည်။

မန္တလေးမြို့ ၃၅ လမ်း၊ ၆၆ လမ်းနှင့် ၆၄ လမ်းကြားရှိ ငီ်္ဗ ရုံးဟောင်းတွင် Covid-19 ရောဂါ စစ်ဆေးနိုင်ရန်အတွက် ဓာတ်ခွဲခန်းဖွင့်ထားပြီးဖြစ်၍ ယခုလကုန်ကစ၍ စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။  

S-02