News

POST TYPE

MANDALAY

ပုဂံ-ညောင်ဦးရှိ ဟိုတယ်အချို့ မေလကုန်တွင် ပြန်ဖွင့်နိုင်ရန်စီစဉ်
24-May-2020
မန္တလေး၊ မေ ၂၃

COVID-19 ကြောင့် ပိတ်ထားရသည့် ပုဂံဒေသရှိဟိုတယ်အချို့ မေလကုန်တွင် ပြန်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ) ထံမှ သိရသည်။

COVID-19  ကြောင့် ဧပြီလ ပထမပတ်မှစတင်၍ ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်များပိတ်ထားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဟိုတယ်ခုနစ်လုံးက တင်ပြထားကြောင်း၊ ယင်းဟိုတယ်များကို စစ်ဆေး၍ စည်း ကမ်းချက်များနှင့်ကိုက်ညီပါက ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ  ဒုတိယညွန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။

"ကိုဗစ်ကြောင့် Tourism တင်မကဘူး ကျန်တာတွေလည်းထိခိုက်တာဆိုတော့ ပြန်ဖွင့်တဲ့အခါမှာ စနစ်တကျပြန် ဖွင့်တဲ့ဟိုတယ်တွေကို ကျန်းမာရေးဝန်ကြီး ဌာနရဲ့ညွန်ကြားချက်တွေနဲ့အညီ လုပ်မယ်။ ပြန်ဖွင့်တဲ့အခါမှာ ဧည့်သည်တွေ အများကြီးလာမယ်လို့ မျှော်လင့်တာပေါ့။  ဒီလကုန်လောက်ဖွင့်နိုင်ဖို့စီစဉ်နေတယ်။ တိုင်းကနေ စစ်ရမယ့်အဖွဲ့ဖွဲ့ဖို့ရှိတယ်။ ဒီအဖွဲ့ကနေစစ်မှာဖြစ်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ဟိုတယ်များပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့်စည်းကမ်း ၅၇ ချက် သတ်မှတ်ထားကြောင်း၊ ယင်းအချက်များနှင့်အညီ လုပ်ဆောင်ထားခြင်းရှိမရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ကာ စစ်ဆေးတွေ့ရှိချက်များကို တိုင်းအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း၊ တိုင်း အစိုးရ၏ ခွင့်ပြုချက်ရရှိပါက ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဖြစ်ကြောင်း ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာန ခွဲ) ထံမှ ထပ်မံသိရသည်။

ပုဂံ-ညောင်ဦးဒေသတွင် ဟိုတယ်ခရီးလိုင်စင်ရဟိုတယ်၊ တည်းခိုရိပ်သာ စုစုပေါင်း ၁၀၇ လုံးရှိနေသည်။        

ရတီ