News

POST TYPE

MANDALAY

Mask မတပ်သည့်အပြင် တာဝန်ရှိသူများကို ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့သူကို ထောင်သုံးလအမိန့်ချ
21-May-2020
ဓာတ္ပုံ- ဘုန်းမြတ်

မန္တလေး၊ မေလ ၂၁

Mask မတပ်ဆင်သဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်စဉ် ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှ မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ်သုံးလ အမိန့်ချခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းထံမှ သိရသည်။

မေလ ၂၀ ရက် နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်၊ ၆၈ လမ်းနှင့် မြ၀တီမင်းကြီးလမ်းဆုံ၌ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက  ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှု မဖြစ်စေရေးအတွက် နေအိမ်ပြင်ပသို့ Mask များတပ်ဆင်၍ သွားလာခြင်းမရှိသူများကို စစ်ဆေးမှုများ ပြုလုပ်နေစဉ် ၆၈ လမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကယ်မောင်းနှင်လာသူ ဦးသောင်းထွန်းနိုင် (အသက် ၃၁ နှစ်) သည် Mask မတပ်သဖြင့် ရပ်တန့်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

၎မွာ ကျန်းမာရေးကောင်းမွန်သဖြင့် တပ်စရာမလိုကြောင်း၊ မြို့ဝင်ဂိတ်၌ နိုင်ငံခြားမှပြန်လာသူများထံမှ ငွေယူကာ ပြန်လွှတ်သည်ဟုဆိုကာ အရန္မီးသတ္တပ္စုမွူးအား ကိုယ်ထိလက်ရောက်တွန်းလဲခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများအဆိုအရ သိရသည်။

စစ်ဆေးရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်းဖမ်းဆီးမည်ပြုစဉ် ဦးသောင်းထွန်းနိုင်သည် ဆိုင်ကယ်သော့တံဖြင့် ထိုးရန်ပြုလုပ်ခဲ့ပြီး အနီးရှိဖရဲသီးဆိုင်မှ သံတူးရွင်းဖြင့် ရိုက်နှက်ရန်ပြုလုပ်ခဲ့သည့်အတွက် ဦးသောင်းထွန်းနိုင်ကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံး၌ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ္မ ၁၈ ဖြင့် မေလ ၂၀ ရက်တွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ တိုင်ကြားခဲ့ခြင်းကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးကလက်ခံခဲ့ပြီး ဦးသောင်းထွန်းနိုင်အား မေလ ၂၁ ရက်နေ့တွင် ထောင်ဒဏ်သုံးလကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းအစိုးရသည် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် တိုင်းအတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသွားလာရာ၌ Mask မ်ားအား စနစ်တကျတပ်ဆင်၍ သွားလာကြရန်နှင့် ပညာပေးကာလဖြစ်သော မေလ ၉ ရက်မှ မေလ ၁၅ ရက်အတွင်း Mask မ်ားအား စနစ္တက် လုံခြုံစွာတပ်ဆင်ထားခြင်းမရှိလျှင် ကျပ် ၁၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူတပ်ဆင်ရမည်ဟု မေလ ၈ ရက္က ကြေညာချက်ထုတ်ပြန်ကာ အသိပေးခဲ့သည်။

မေလ ၁၆ ရက်ကစတင်၍ Mask ကို စနစ်တကျလုံခြုံစွာတပ်ဆင်ခြင်းမရှိလျှင် ကျပ် ၅၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါကတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဘုန်းမြတ်