News

POST TYPE

MANDALAY

ကျောက်ဆည်တွင် တရုတ်ပြန်သုံးဦးထံမှ ဓာတ်ခွဲနမူနာယူစစ်ဆေး
17-May-2020
မန္တလေး၊ မေ ၁၆

ကျောက်ဆည်မြို့နယ် မိုင်းပန်ကျေးရွာမှ  တရုတ်ပြန်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဓာတ်ခွဲနမူနာယူ၍  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့  ပေးပို့စစ်ဆေးထားကြောင်း ကျောက်ဆည်ဆေးရုံထံမှသိရသည်။

ယင်းသို့ ဓာတ်ခွဲနမူနာစစ်ဆေးထားသူများမှာ ကျောက်ဆည်မြို့နယ် မိုင်းပန်ကျေးရွာ  Facility Quarantine စင်တာတွင် Quarantine  ဝင်နေသူ ၂၀ ရှိသည့်အနက်မှ Quarantine ပြည့်ရန် ၅ ရက်အလို ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဓာတ်ခွဲနမူနာရယူ၍ NHL သို့ ပေးပို့စစ်ဆေးပြီး အဖြေရသည်နှင့် ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း ကျောက်ဆည်ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်မေလဒုတိယပတ်အတွင်းက  ကျောက်ဆည်ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာနှစ်ဦးတွင် Covid-19 ရောဂါ ပိုးမတွေ့ရှိကြောင်း ကျောက်ဆည်ပြည်သူ့ဆေးရုံက ထုတ်ပြန်ခဲ့သည်။

S-02