News

POST TYPE

MANDALAY

၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆို ထောက်ခံသည့် ကာတွန်းပြပွဲ မန္တလေး၌ သုံးရက်တိုင် ပြသမည်
31-Jul-2016

မန္တလေး၊ ဇူလိုင် ၃၁

၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆို ထောက်ခံသည့် အထိမ်းအမှတ်အဖြစ် ပြသသည့် "မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" ကာတွန်းပြပွဲကို မန္တလေးမြို့ မင်္ဂလာမန္တလေး သီရိ ပန်းချီအနုပညာ ပြခန်းတွင် ယနေ့ (ဇူလိုင် ၃၁ ရက်) မှ သြဂုတ် ၂ ရက်အထိ သုံးရက်တိုင်တိုင် ပြသလျက် ရှိသည်။

အဆိုပါပြပွဲသို့ လာရောက် ကြည့်ရှုသူများကို အထူး အစီအစဉ် အနေနှင့် မောင်မောင်ဇော်လတ်၊ ဂျီလတ်၊ သအို၊ ကိုအောင်၊ လင်းလင်းတို့ သီဆိုထားသော "မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" Music DVD ကို အခမဲ့ ပေးဝေခဲ့သည်။

ပြပွဲသို့ မန္တလေးတိုင်း ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ယုယုမေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆို ဆန္ဒထုတ်ဖော် ချီတက်သော ပြည်သူများ တက်ရောက်ကြသည်။

  • VIA