News

POST TYPE

MANDALAY

စစ်ကိုင်းမြို့ ရတနာပုံ တံတားပေါ်မှ သီလရှင်တစ်ပါး ထပ်မံခုန်ချ
30-Sep-2019

ဓာတ်ပုံ - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း

မန္တလေး၊ စက်တင်ဘာ ၃၀

စစ်ကိုင်းနှင့်မန္တလေးကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတားဖြစ်သည့် ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် ၁၀ နာရီခန့်က သီလရှင်တစ်ပါးသည် ဧရာဝတီမြစ်ထဲသို့ ခုန်ချမှုဖြစ်ပွားခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့(စစ်ကိုင်းအဖွဲ့) မှ ကိုစိုးမင်းဦးက ပြောကြားသည်။

ခုန်ချခဲ့သည့် သီလရှင်မှာ စစ်ကိုင်း အပြည်ပြည်ဆိုင်ရာ ဗုန္ဒဘာသာပညာရေးစင်တာ ( IBEC ) ကျောင်းမှဖြစ်ပြီး မည့်သည့်အတွက် ခုန်ချသည်ကို မေးမြန်း၍ မရသေးပေ။

ယမန်နေ့ (စက်တင်ဘာ ၂၉ ရက်) နေ့ကလည်း အမျိုးသားတစ်ဦးသည် စစ်ကိုင်း (အင်းဝ) ပေါ်မှ ဧရာဝတီမြစ်ထဲသို့ ခုန်ချသေဆုံးခဲ့သည်။

'“ဘာတွေစိတ်ညစ်စရာတွေရှိသလဲတော့ မသိပါဘူး။ ပထမခုန်ချတဲ့ အမျိူးသားဆိုရင် နှလုံးရေားဂါရှိတယ်။ ဒီကနေ့ခုန်ချတဲ့ သီလရှင်ဆိုရင် ဘာမှမေးမရဘူး။ သူကိုတော့ ဆေးရုံပို့ထားတယ်”ဟု ကိုစိုးမင်းဦးက ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်း (အင်းဝ) တံတားပေါ်မှ ခုန်ချမှု လေးကြိမ်၊ ဧရာဝတီတံတား (ရတနာပုံ) ခုန်ချမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

မြတ်မင်း




  • VIA