News

POST TYPE

MANDALAY

ရွှေဆံနွယ်စက္ခုဒါန မျက်စိဆေးရုံတွင် မျက်စိခွဲစိတ်ကုသပေးမည်
13-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၂

မန္တလေးမြို့ ရွှေဆံနွယ်ဆရာတော် ဒေါက်တာအရှင်ဝါယမာနန္ဒ တည်ထောင် ဖွင့်လှစ်ထားသော ရွှေဆံနွယ်စက္ခုဒါန မျက်စိဆေးရုံတွင် မျက်စိအထူးကုဆရာ ဝန်ကြီးများအဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

ယင်းဆေးရုံတွင် ယခုအကြိမ် ကုသိုလ်ပြု ကုသမှုပေးခြင်းမှာ အကြိမ် ၂၂ ကြိမ်မြောက်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ခွဲစိတ်ကုသမှု ခံယူနိုင်ကြောင်း ယင်းဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ အခမဲ့ကုသိုလ်ဖြစ် မျက်စိခွဲစိတ် ကုသပေးမည်ဖြစ်၍ မျက်စိဝေဒနာရှင်များအနေနှင့် ခွဲစိတ်ကုသပေးမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာ၊ ရွှေဆံနွယ် ဓမ္မဓရကုသိုလ်ဖြစ်ဆေးရုံ၊ ဝ၉၄၀၂၇၄ ၆၆၉၉၊ ရွှေဆံနွယ် စက္ခုဒါန မျက်စိဆေးရုံ ဝ၉၂၅၆၂၉၇၇၁၊ ဝ၉၉၇၈၉၇၂၅၀၅၊ ရွှေယင်းမာ ရွှေဆံနွယ်ရတနာ ဖြိုးဝေ ကျောင်းတိုက် ဝ၉၇၈၅၀၇ ၈၉၂၉၊ ရွှေဆံနွယ် ကိုယ်ပိုင်အထက်တန်းကျောင်း ဝ၉၇၇၈၂၃၇၅၂၄၊ စဉ့်ကိုင်ရွှေဆံနွယ် ရတနာဖြိုးဝေကျောင်းတိုက် ဝ၉၇၃၂၅ ၇၀၃၃၊ ဝ၉၇၉၈၇၉၈၇၇၄ တို့တွင် ကြို တင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ရွှေဆံနွယ်ဆရာတော်သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မှ စာချဆရာတော်တစ်ပါးဖြစ်သကဲ့သို့ နယ်လှည့်တရားဟောကြားခြင်း လုပ်ငန်းအပြင် စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်း ကုန်းကျေးရွာတွင် ရွှေဆံနွယ် ရတနာဖြိုးဝေကျောင်းကို တည်ထောင်ကာ အင်္ဂလိပ်စာ စသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများ ပေးခြင်းလုပ်ငန်း၊ သာမဏေ ပြုစုပျိုးထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဆင်တဲကျေးရွာတွင် ဓမ္မဓရ ရွှေဆံနွယ်ကုသိုလ် ဖြစ်ဆေးရုံနှင့် ဓမ္မဓရ ရွှေဆံနွယ်စက္ခုပါလ ဆေးရုံတော်၊ ရွှေဆံနွယ် ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို တည်ထောင်ကာ ဒေသတွင်းပြည်သူများကို ကုသိုလ်ပြု ဆောင်ရွက်လျက်ရှိသည်။

M-01


  • VIA