News

POST TYPE

MANDALAY

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် ထပ်မံအမှုဖွင့်
07-Sep-2019
မန္တလေး၊ စက်တင်ဘာ ၅

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူပေးရန် တပ်မတော် လျှပ်/စက်တပ်မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦးက တရားလိုပြုလုပ်ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ထပ်မံတိုင်တန်းထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဒုဗိုလ်မှူးကြီး သန့်ဇင်ဦးကပင် ဦးစိန္တိတ၏ ဖေ့စ်ဘွတ်လူမှုကွန်ယက်အကောင့်တွင် တပ်မတော်အပေါ် သိက္ခာကျစေသည့်အရေးအသားများ ရေးသားဖြန့်ဝေသည်ဆိုပြီး အရေးယူပေးရန် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ ဦးတိုက်လျောက် တိုင်တန်းခဲ့ရာ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဦးတိုက်လျောက်ထားမှုကို ပလပ်ခဲ့သည်။

ယင်းသို့ပလပ်ပြီး တစ်လကျော်အကြာတွင် ဒုဗိုလ်မှူးကြီး သန့်ဇင်ဦးက ထပ်မံပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

"ထပ်ဖွင့်တော့လည်း ထပ်ရင်ဆိုင်ရုံရှိတာပေါ့။ ဘာပြောလို့ရမှာလဲ။ ခုချိန်ထိတော့ အမှုဖွင့်ထားတယ်ဆိုတာကို အကြောင်းကြားတာ။ အသိပေးတာ။ လာရောက်စစ်ဆေးတာ မရှိသေးဘူး"ဟု ဦးစိန္တိတက မိန့်ကြားသည်။

M-04