News

POST TYPE

MANDALAY

ရတနာနတ်မယ် ကွယ်လွန်ခြင်းမဟုတ်ဘဲ ချော်လဲ၍ ခြေထောက်ရိုးကျိုးခြင်းသာဖြစ်
06-Sep-2019
မန္တလေး၊ စက်တင်ဘာ ၅

ကနောင်မင်းသားကြီး၏ မြစ်တော်၊ နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်း၏ ဇနီးဟောင်းဖြစ်သူ ရတနာနတ်မယ် ကွယ်လွန်သည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဘဲ ချော်လဲ၍အရိုးကျိုးသွား ခြင်းသာဖြစ်ကြောင်း ရတနာနတ်မယ်၏ တူတော်စပ်သူ လင်းပင်တင်မျိုးသန့်က ပြောကြားသည်။

ရတနာနတ်မယ်သည် အီတလီနိုင်ငံတွင် စက်တင်ဘာလ ၄ ရက်နေ့က ကွယ်လွန်သွားသည်ဟု လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပျံ့နှံ့နေခဲ့ကြောင်း၊ အတည်ပြုချက်များအရ ချော်လဲ၍ ခြေထောက်ရိုးကျိုးသွားခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ချော်လဲလို့ ဆေးရုံတက်ရတယ်။ မနက်ဖြန်မှာ ခွဲစိတ်ခန်းဝင်မယ်။ အားလုံး ကျန်းမာပါတယ်။ မနေ့ကဖြစ်တာပါ။ သတင်းမှားတွေ မလွှင့်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု လင်းပင်တင်မျိုးသန့်က ဆိုသည်။

ရတနာနတ်မယ်သည် လင်းပင်မင်းသားကြီး၏ မြေးတော်ဖြစ်ပြီး ကနောင်မင်းသားကြီး၏ မြစ်တော်တစ်ယောက်ဖြစ်သည်။ 

ရတနာနတ်မယ်ကို အင်္ဂလိပ်လူမျိုး ဒိုင်ဟာ့ဘတ် ဘယ်လာမီနှင့် လင်းပင်ထိပ်တင် မလတ်တို့က ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် သက်တော် ၈၀ ကျော်ပြီဖြစ်သည်။

နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်းနှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလတွင် လက်ထပ်ခဲ့ပြီး ငါးလခန့်သာ ပေါင်းသင်းခဲ့သည်။

M-05


  • VIA