News

POST TYPE

MANDALAY

တရားရုံးအချုပ်ခန်းမှ အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်
29-Aug-2019
မန္တလေး၊ သြဂုတ် ၂၉

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ယနေ့ (သြဂုတ်လ ၂၉ ရက်) နံနက်ပိုင်းက ရီမန်ယူရန် ရုံးထုတ်လာသည့် အချုပ်သားတစ်ဦး တရားရုံးအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အမှတ် ၅ မြို့မရဲသခန်းမှ သိရသည်။

ထွက်ပြေးသွားသူမှာ ခိုးမှုဖြင့် ဖမ်းဆီးစစ်ဆေးဆဲအမှုမှ ဖမ်းဆီးထားသည့် မောင်မောင်ဆိုသူ အချုပ်သားသည် ရုံးထုတ်တာဝန်ကျရဲတပ်ဖွဲ့က တရားရုံးအချုပ်တွင် ချုပ်နှောင်ထားခဲ့ပြီး အခြားရုံးထုတ်ရန်ကျန်သည့် တရားခံများကို နောက်တစ်ကြိမ် သွားရောက်ခေါ်ဆောင်နေစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပြန်ဖမ်းမိဖို့လုပ်နေတုန်းပဲ။ သူနဲ့အမှုတွဲက သုံးယောက်။ သူတို့ကို တရားရုံးပို့ပြီး အခြားအမှုတွေက တရားခံတွေ နောက်တစ်ခေါက် သွားခေါ်နေတဲ့အချိန် ထွက်ပြေးတာ။ မှုခင်းမှတ်တမ်းရုံးက အရာရှိသွားစစ်တော့ တစ်ယောက်ပျောက်နေတော့မှ ထွက်ပြေးတာကိုသိရတာ”ဟု အမှတ် ၅ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

ထွက်ပြေးသူ မောင်မောင်သည် ချမ်းအေးသာစံ မြို့မရဲစခန်းတွင် အမှုအမှတ် (ပ) ၅၇၆/ ၂၀၁၉၊ ခိုးမှုပုဒ်မဖြစ်သည့် ပုဒ်မ ၃၈၀ အမှုမှ စစ်ဆေးနေဆဲ အချုပ်သားတစ်ဦးဖြစ်သည်။

M-04