News

POST TYPE

MANDALAY

မန္တလေးမြို့ ဖိနပ်ဆိုင်တစ်ခုတွင် လေသေနတ်၊ ဓားနှင့် ကျည်ဆံများ ဖမ်းဆီးရမိ
28-Aug-2019
မန္တလေး သြဂုတ် ၂၈

မန္တလေးတက္ကသိုလ်အနီးရှိ တိုက်တန်းတွင် ဖွင့်လှစ်ထားသည့် ဖိနပ်ဆိုင်တစ်ခုတွင် သေနတ်၊ ဓားရှည်များ၊ ခဲဖြင့်ပြုလုပ်ထားသည့် သေနတ်ကျည်ဆံများ ယနေ့ (သြဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးကားဂိတ်မှတစ်ဆင့် မန္တလေးမြို့သို့ပို့ဆောင်မည့် ဆာလာအိတ်တစ်လုံးအတွင်းမှ စိတ်ကြွဆေးပြားနှင့် ကျည်ဆံအချို့ ဖမ်းမိခဲ့ပြီးနောက် အဆိုပါလိပ်စာအတိုင်း မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ဖိနပ်ဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေရာ လက်နက်အချို့ ထပ်မံဖမ်းမိရခြင်းဖြစ်သည်။

ဖမ်းဆီးရမိရာတွင် လေသေနတ်အရှည် စနိုက်ပါတပ် (၁) လက်၊ ဆွန်ဇာလန်နိုင်ငံထုတ် လေသေနတ် ပစ်စတို (၁) လက်နှင့် ဆက်စပ်ပစ္စည်းများ လေသေနတ် ခဲကျည် (၇) ဘူး၊ ပွိုင့်-၂၂ ကျည် တစ်ဘူး (၅၀) ပါ (၂) ဘူး ၊ငှက်ကြီးထောင် ဓားရှည် (၂) လက် အပါအဝင် ဓာတို/ရှည် (၈) ချောင်း၊ စနိုက်ဘာမှန်ပြောင်း တစ်ခု၊ အသံတိတ်ပြောင်းတို (၁)ခုတို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

အဆိုပါ လက်နက်များ ဖမ်းမိမှုနှင့်ပတ်သက်၍ ဖိနပ်ဆိုင်မှ အသက် (၃၁ နှစ်)အရွယ် ဦးအာကာမောင်အားဖမ်းဆီးကာ တိုင်းမှုခင်းနိမ်နင်းရေးတပ်ဖွဲ့တွင် ဆက်လက်စစ်ဆေးလျက်ရှိသည်။

လွိုင်ကော်မြို့တွင် သြဂုတ်(၂၇)ရက် ညနေပိုင်းက စိတ်ကြွဆေးပြား (၁၁၁) ပြားနှင့် ပွိုင့််-၂၂ သေနတ်ကျည်ဆံ (၁၅၀၀) ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အသက် (၃၃ နှစ်)အရွယ် အမျိုးသမီးနှင့် အသက် (၃၄ နှစ်)အရွယ် အမျိုးသားတို့ကို လွိုင်ကော်မြို့မရဲစခန်းတွင် လက်နက်မူ၊ မူးယစ်မူများဖြင့် အမှုဖွင့်အရေးယူထားသည်။

M-04