News

POST TYPE

MANDALAY

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တရားလိုဘက်မှ ပြင်ဆင်ချက် တက်
26-Aug-2019
မန္တလေး၊ သြဂုတ် ၂၆

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားရုံးက အပြစ်ကျူးလွန်ကြောင်း သက်သေပြရန် ပျက်ကွက်သည်ဟုဆိုကာ ပလပ်ထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုကို တရားလိုဘက်မှ ပြင်ဆင်အမိန့်ချပေးရန် ယနေ့(သြဂုတ် ၂၆ ရက်) ခရိုင်တရားရုံးသို့လျှောက်ခဲ့ရာ လက်ခံလိုက်ပြီဖြစ်ကြောင်း တရားလိုဘက်မှ သိရသည်။

တရားလိုဘက်မှ တင်ပြထားသည့်သက်သေများကို အစစ်ဆေးခံရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသည့်အတွက် စွပ်စွဲထားသည့်အတိုင်း အပြစ်ကျူးလွန်ကြောင်း သက်သေပြနိုင်ခြင်းမရှိသည့်အတွက် မဟာအောင်မြေမြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက်နေ့က ပလပ်ထားသည့်အမှုဖြစ်သည်။

“ကျွန်တော်တို့ဘက်က တင်ပြထားတဲ့သက်သေတွေက ခိုင်မာခဲ့တယ်။ အကုန်လုံးကို မစစ်ဆေးနိုင်ခဲ့ရင်တောင် ကျွန်တော်တို့တင်ပြထားတဲ့ သက်သေတွေနဲ့တင် ကိုဆွေဝင်းဟာ ၆၆ (ဃ)အမှုကို ကျူးလွန်ခဲ့ကြောင်း သက်သေက ခိုင်လုံနေခဲ့ပါတယ်။ ဒီအမှုက အမှုတည်ဆောက်စဉ်ကတည်းက သက်သေတွေခိုင်မာလို့ တရားရုံးကို ရောက်ရှိလာတဲ့အမှုဖြစ်ပါတယ်။ ဒါကို ပလပ်လိုက်တာက ဥပဒေကြောင်းအရ မမှန်ကန်တဲ့အတွက် ခုလိုလျှောက်ထားတာပါ”ဟု ဦးကျော်မျိုးရွှေ၏အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က ပြောကြားသည်။

ယင်းကဲ့သို့ လျှောက်ထားမှုမှာ တရားလိုများအတွက် ဥပဒေအရ ရထိုက်သောအခွင့်အရေးတစ်ခုဖြစ်ပြီး မည်သူမဆို လျှောက်ထားခွင့်ရှိသည့်အတွက် မိမိတို့အနေနှင့် ပြန်လည်ချေပရန်သာရှိကြောင်း စွပ်စွဲခံရသူ ကိုဆွေဝင်း၏အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောဆိုသည်။

မဟာအောင်မြေမြို့နယ်တရားရုံးတွင် ကိုဆွေဝင်းသည် ၂၀၁၇ ဇူလှိုင်လကတည်းက အမှုရင်ဆိုင်ခဲ့ရပြီး အမှုစစ်ဆေးကာလ ၂ နှစ်ဝန်းကျင်ကြာမြင့်ခဲ့ကာ ရုံးချိန်းပေါင်း ၇၁ ကြိမ်ရှိခဲ့သည်။

M-04