POST TYPE
MANDALAY
ဗုဒ္ဓဘာသာ လူမှုစွမ်းဆောင်ရည်ဆု တောင်တန်းသာသနာပြုမောင်နှမ ရရှိ
08-Jul-2019

မန္တလေး၊ ဇူလိုင် ၇
ထိုင်းနိုင်ငံ Media Councial For Buddhism အဖွဲ့က ချီးမြှင့်သည့် Caja Jakra Award ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှ တောင်တန်း သာသနာပြုဆရာတော် အရှင်သုခမိန္ဒနှင့် ၎င်း၏အစ်မဖြစ်သူ ဒေါ်နန်းကြည်သိန်းတို့က ရရှိခဲ့သည်။
“ဗုဒ္ဓဘာသာဆိုင်ရာ စွမ်းဆောင်ရည်ဆုကို ချီးမြှင့်ခံရလို့ သာသနာကို ဆတက်ထမ်းပိုးပြုဖို့ ပိုအားရှိလာပါတယ်။ အပြည်ပြည်က ဆုရရှိသူတွေအတွက်လည်း အားလုံးကို ဂုဏ်ယူပါတယ်”ဟု ဆုချီးမြှင့်ခြင်းခံရသူ တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒက မိန့်ကြားသည်။
အဆိုပါဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်ခဲ့သည်။
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် တန့်ယန်းမြို့တွင် သီတင်းသုံးကာ ပြည်တွင်းပြည်ပ၌ ဝိပဿနာတရားများ ပို့ချလျက်ရှိပြီး ၎င်း၏အစ်မ ဒေါ်နန်းကြည်သိန်းသည် တောင်တန်းသာသနာပြု ဆရာတော်နှင့်အတူ ဝိပဿနာတရားများကို ရှမ်းဘာသာဖြင့်ပို့ချကာ သာသနာပြုလျက်ရှိသည်။
ယင်း Caja Jakra Award ချီးမြှင့်ရာတွင် နိုင်ငံ ၇ နိုင်ငံမှ ၃၈၀ ဦးပါဝင်ပြီး မြန်မာနိုင်ငံမှ ရဟန်း ၅ ပါး အပါအဝင် ၁၇ ဦးဆုရရှိခဲ့သည်။
M-01
- VIA
- Voice Admin
- SOURCES
- The Voice
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
07-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
01-Dec-2019