News

POST TYPE

MANDALAY

မန္တလေးတွင် ယာဉ်ထိန်းရဲမေကို ခြိမ်းခြောက်သည့်ယာဉ်မောင်းကို ဖမ်းဆီး
20-Jun-2019

မန္တလေး၊ ဇွန် ၁၉ 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လမ်းရှင်းလင်းရေးတာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေတစ်ဦး၏အင်္ကျီကိုဆွဲ၍ သံချွန်ဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့် ယာဉ်မောင်း အမျိုးသားတစ်ဦးကို ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၈၇ မှ ရဲမေနှစ်ဦးသည် ၆၂ လမ်းနှင့် သာယာဝတီလမ်းဆုံတွင် လမ်းရှင်းလင်းရေးဆောင်ရွက်နေစဉ် ၆၂ လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသည့် Hijet ယာဉ်တစ်စီးက မီးနီနေစဉ် ကွေ့ဝင်ခဲ့ရာ တစ်ဖက်ယာဉ်ကြောမှ ယာဉ်များဖြင့် တိုက်လုနီးဖြစ်ပွားခဲ့သည့်အတွက် ဒုရဲအုပ် ဝေမာစန်းက တားဆီးစစ်ဆေးခဲ့သည်။

ယင်းသို့ တားဆီးစစ်ဆေးရာတွင် အရေးယူရန်လိုင်စင်တောင်းယူပြီး ယာဉ်လမ်းထိန်းသိမ်းရေးတပ်ဖွဲ့မှူးထံ သတင်းပို့နေစဉ် ယူနီဖောင်းကို ရင်ဘတ်နေရာမှဆွဲ၍ လက်တစ်ဖက်က သံချွန်ဖြင့်ထောက်ကာ ထိုးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် ဖုန်းကိုပါ လုယူခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ခြိမ်းခြောက်ခဲ့သည့် ယာဉ်မောင်း ဦးအောင်ဆန်းဦး အသက် ၃၀ နှစ်ကို ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၃ (လုယက်မှု ကျူးလွန်းရန်အားထုတ်မှု)/ ၃၃၂ (ဝတ္တရားနှောင့်ယှက်မှု) ၃၅၄ (ကာယိနြေ္ဒပျက်ပြားစေမှု/ ၅၀၆ (ခြိမ်းခြောက်မှုတို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

M-04