News

POST TYPE

MANDALAY

မြရည်နန္ဒာတိုက်ခန်း လျှောက်လွှာများ စတင်ရောင်းချ
17-Jun-2019

မန္တလေး၊ ဇွန် ၁၇

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောက်လုပ်သည့် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းလျှောက်လွှာများကို ဇွန်လ ၁၇ ရက်နေ့မှစ၍ ဇွန်လ ၃၀ ရက်နေ့အထိ ရောင်းချနေကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းကော်မတီက အကောင်အထည်ဖော်သော RC  လေးခန်းတွဲ၊ ခြောက်ထပ်၊ အဆောက်အအုံ ၁၉ လုံး၊ အိမ်ခန်းတစ်ခန်းလျှင် ၆၆၁ စ/ပေရှိ အခန်းပေါင်း ၄၅၆ ခန်းနှင့် ယခင်ရောင်းချခဲ့ပြီးသော တိုက်ခန်းများမှ ပြန်လည်အပ်နှံသော အခန်းနှင့် တိုက်ခန်းပိုင်ရှင်များမှ မဆက်သွယ်သောအခန်းတို့ကို မန္တလေး ၆ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများကို ရောင်းချမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါတိုက်ခန်းလျှောက်လွှာကို တစ်စောင်လျှင် ကျပ်ငါးရာဖြင့် ရောင်းချမည်ဖြစ်ပြီး လျှောက်လွှာများကို ဇူလိုင်လ ၁ ရက်နေ့အတွင်း ပြန်လည်လက်ခံမည်ဖြစ်ကြောင်း လျှောက်လွှာဝယ်ယူလိုပါက ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်းရှိ ဓမ္မာရုံတွင် လာရောက်ဝယ်ယူနိုင်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

မြရည်နန္ဒာတိုက်ခန်းများကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် တည်ဆောက်ထားသည်။

M-01