News

POST TYPE

MANDALAY

မန္တလေးတွင် ကားဂိတ်ကိုပို့ထားသည့် ဂျက်ဖာထဲမှ ကျဉ်ဆံ ၅၀၀ တွေ့
05-May-2019
မန္တလေး၊ မေ ၅

မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ကားဂိတ်တစ်ခုမှတစ်ဆင့် မူဆယ်သို့ပို့ရန် မေလ ၄ ရက်နေ့က လာရောက်အပ်နှံထားသည့် ပစ္စည်းထုတ်အတွင်းမှ ARMSCOR အမှတ်တံဆိပ် ပွိုင့် ၂၂ ကျည်ဆံ ၅၀၀ တောင့်ကို တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဆိုင်ကယ်ပစ္စည်းများ မူဆယ်မြို့သို့ ပို့ဆောင်လိုကြောင်း လာရောက်အပ်နှံသွားသည့် ပစ္စည်းထုတ်များကို ကားဂိတ်မှူးက မသင်္ကာ၍ အာဏာပိုင်အဖွဲ့သို့ အကြောင်းကြားခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သက်သေများဖြင့် ဖွင့်ကြည့်ရာမှ ယင်းကျည်ဆံတောင့်များကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကျည်ဆံများနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က မန္တလေးမြို့မှ ပေးပို့သူ ကိုမိုး(ခ)ဦးဝေမင်းအိမ် (၂၅ နှစ်) နှင့် မူဆယ်မြို့မှ လက်ခံမည်သူတို့ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ရာ ဦးဝေမင်းအိမ်ကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကျည်ဆံများကို တရားမဝင်ကိုင်ဆောင်ပြီး သယ်ယူပို့ဆောင်သူများကို မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းတွင် လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) အရ အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04