News

POST TYPE

MANDALAY

မဟာမုနိဘုရား နိုင်ငံခြားသား ဝင်ကြေးကောက်ခံမှု တစ်လနောက်ဆုတ်
01-May-2019


မန္တလေး၊ ဧပြီ ၃၀

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် ပြည်ပခရီးသွားများထံမှ ဝင်ကြေးကောက်ခံရန် ပြင်ဆင်ထားမှုကို အချိန်တစ်လ နောက်ဆုတ်လိုက်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

နိုင်ငံခြားသားတစ်ဦးလျှင် ဇွန်လ ၁ ရက်နေ့မှစတင်၍ ဝင်ကြေး ကျပ် ၅၀၀၀ ကောက်ခံရန် သတ်မှတ်ထားခဲ့ရာမှ ဇူလိုင်လတစ်ရက်နေ့မှသာ စတင်ကောက်ခံမည် ဖြစ်ကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ဝင် ဦးသန်းဝင်းက ပြောကြားသည်။

“ဂေါပကအဖွဲ့ဆုံးဖြတ်တာက ဇွန်မှာကောက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ဇူလိုင် ၁ ရက်နေ့ စကောက်ပါဆိုပြီး စာနဲ့ ကောက်ခွင့်ပြုတယ်။ ဒါကြောင့် ဇူလိုင်တစ်ရက်နေ့မှသာ စကောက်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ပြည်ပခရီးသွားများအတွက် Tour Information Counter ကို ဘုရားကြီး၏ အနောက် ၄၅ တာအတွင်း တည်ဆောက်နေပြီး ယင်းကောင်တာတွင် သန့်စင်ခန်း၊ လက်ဆေးကန်၊ ဖိနပ်စင်၊ ရေသန့်ဘူး၊ စနိုးတာဝါ၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းစသည့် ဝန်ဆောင်မှုများထားရှိပေးမည်ဖြစ်ကြောင်း၊ ဇွန်လလယ်ခန့်တွင် လုပ်ငန်းများပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။  

M-05


  • VIA